တနင်္သာရီမြို့နယ်က တကူရဲစခန်း မိုင်းခွဲမီးရှို့ခံရ


တနင်္သာရီ၊ နိုဝင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာရှိ ရဲစခန်း နိုဝင်ဘာလ ၂၂ ရက်နေ့ ညက မိုင်းခွဲခံရပြီး မီးရှို့ခံရတယ်လို့ သိရပါတယ်။

မိုင်းခွဲမီးရှို့ခံရချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အဆိုပါ စခန်းမှာ ရှိမနေဘူးလို့ ဆိုပါတယ်။

မိုင်းခွဲမီးရှို့ခံရတာကြောင့် ရဲစခန်းအတွင်းရှိ အဆောက်အဦ၊ ပရိဘောဂပစ္စည်းတွေနဲ့ အသုံးအဆောင်စာရွက်စာတမ်းတွေ မီးလောက်ပျက်စီးခဲ့ပါတယ်။

"ဘယ်သူလုပ်တယ်ဆိုတာတော့ မသိဘူး။ ပေါက်ကွဲသံကြားပြီးတော့ မီးလောင်တယ်လို့တော့ သိရတယ်။ စကစတွေ နေရာဆိုတော့ သွားကြည့်ဖို့လဲ အဆင်မပြေခဲ့ဘူး''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အဆိုပါ ရဲစခန်းကို မိုင်းခွဲမီးရှို့မှုဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့ ဓူဝံတော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း - သံလွင်တိုင်းမ် - Than Lwin Times 

တနင်္သာရီမြို့နယ်က တကူရဲစခန်း မိုင်းခွဲမီးရှို့ခံရ တနင်္သာရီမြို့နယ်က တကူရဲစခန်း မိုင်းခွဲမီးရှို့ခံရ Reviewed by THITHTOOLWIN on 17:34 Rating: 5

No comments:

Powered by Blogger.