မှော်ဘီ လျှပ်စစ်ရုံး ဗုံး နှစ်လုံးပေါက်၊ ဝန်ထမ်းတချို့ ဒဏ်ရာရ


ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ လျှပ်စစ်ရုံးရှေ့တွင် ယနေ့ (နိုဝင်ဘာ ၂၃) နေ့လည်ပိုင်းက ဗုံးနှစ်လုံးပေါက်ကွဲပြီး ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

နံနက် ၁၁ နာရီခွဲဝန်းကျင်က အဆိုပါရုံးရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်တစ်စီးမှာ ချိတ်ထားသော ကြွတ်ကြွတ်အိတ် အနက်ရောင်အတွင်းမှ ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

" ဆိုင်ကယ်ပေါ်က အိတ်အနက်ထဲကနေ ထပေါက်တာပါ။ တစ်လုံးပေါက်ပြီး ၅ မိနစ်လောက်ပဲ ကြာတယ်။ နောက်တစ်လုံး ထပ်ပေါက်တာပါ။ အသံအကျယ်ကြီးပဲ ကြားလိုက်ရတယ်။ ဝန်ထမ်းအချို့ ဒဏ်ရာရတယ်လို့ သိရတယ်။ အခုတော့ ဆေးရုံဘက်ကို ခေါ်သွားကြပါပြီ။ သေဆုံးမှုတော့ မရှိဘူးလို့ သိရပါတယ် " ဟု ၄င်းက ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ လူငယ့်ခေတ်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

ထို့ပြင် ယနေ့ နံနက်ပိုင်း၌ မှော်ဘီမြို့နယ် တပ်ကြီးကုန်းကျေးရွာအနီး ရန်ကုန်-ပြည် ကားလမ်း ဘေးတွင် စိုက်ထားသည့် ပန်းအိုးအတွင်း မပေါက်ကွဲသေးသော လက်လုပ်ဗုံးတစ်လုံး တွေ့ရှိခဲ့သေးကြောင်း ဒေသခံတချို့ ထံမှ သိရသည်။


Lu Nge Khit

မှော်ဘီ လျှပ်စစ်ရုံး ဗုံး နှစ်လုံးပေါက်၊ ဝန်ထမ်းတချို့ ဒဏ်ရာရ မှော်ဘီ လျှပ်စစ်ရုံး ဗုံး နှစ်လုံးပေါက်၊ ဝန်ထမ်းတချို့ ဒဏ်ရာရ Reviewed by THITHTOOLWIN on 21:31 Rating: 5

No comments:

Powered by Blogger.