ချောင်းဦး ဆင်ဖြူရှင်လမ်းတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ၁၀ဦးခန့်သေဆုံးနိုင်


နိုဝင်ဘာ ၂၃၊ SGG

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ဘက်သို့ ဦးတည်လာသည့် စစ်ကောင်စီကား ၄စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

နိုဝင်ဘာလ ၂၃ရက်၊ ယနေ့နံနက် ၁၀နာရီခန့်မှာ ချောင်းဦး ဆင်ဖြူရှင် လမ်းတနေရာမှာ ညီနောင်မဟာမိတ်များက မိုင်းဆွဲတိုက်ခိုက်တာလို့သိရပါတယ်။

စစ်ကောင်စီကား ၁စီးပျက်စီးသွားကာ စစ်ကောင်စီတပ်သား ၁၀ဦးခန့် သေဆုံးနိုင်ကြောင်းသိရပါတယ်။ ပျက်စီးသွားတဲ့ကားကို ကရိန်းနဲဆွဲသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီယာဉ်တန်းဟာ မကွေးတိုင်း ရေစကြိုမြို့ဘက်ကနေ ယနေ့နံနက် ၉နာရီခန့်က ဆင်ဖြူရှင်တံတားကိုဖြတ်ကျော်ဝင်‌ရောက်လာခဲ့တာလို့သိရပါတယ်။

ညီနောင်မဟာမိတ်များအဖွဲ့တွေဖြစ်သော Chaung U People's Defence Force - CHU PDF ၊ 27 Revolution Forces ၊ Myaung Special People's Defense Force - MSPDF နှင့် T.G.R (Myaung) အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

ချောင်းဦး ဆင်ဖြူရှင်လမ်းတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ၁၀ဦးခန့်သေဆုံးနိုင် ချောင်းဦး ဆင်ဖြူရှင်လမ်းတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ၁၀ဦးခန့်သေဆုံးနိုင် Reviewed by THITHTOOLWIN on 18:08 Rating: 5

No comments:

Powered by Blogger.