စစ်ကိုင်းတိုင်း စကစခန့် ဝန်ကြီးချုပ် ယာဥ်တန်းမှိုင်းဆွဲ တိုက်ခိုက်ခံရ


 နိုဝင်ဘာ ၂၃

စကစခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်လိုက်ပါစီးနင်လာတဲ့ ယာဥ် တန်းကို နိုဝင်ဘာ ၂၂ရက် ယမန်နေ့ ညနေ ၅နာရီ ၃၀မိနစ်အချိန့်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါသည်။

စစ်ကိုင်းမြို့နယ် တိုင်းရင်းသား ဖွံဖြိုးတိုးတက်ရေး တက္ကသိုလ်မှ ပြန်လာတဲ့ ဝန်ကြီးချုပ်လိုက်ပါစီနင်းလားသော ကား ၁၀စီးပါယာဥ်တန်းကို မိုင်း ၁၁လုံးဆွဲပြီး တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဲ့ဒီတိုက်ခိုက်မှုကို အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယာဥ်များထိခိုက်မှုရှိတယ်လို့PAFD ကထုတ်ပြန်သည်။

အဆိုပါယာဥ်တန်းဟာ ချည်မျှင်စက်ရုံမြောက်ဘက်မှာ တိုက်ခိုက်ခံလိုက်ရတာဖြစ်ပြီး ထိခိုက်မှုကိုတော့အတိအကျ မသိရှိရသေးဘူးလို့ သိရပါတယ် ။ ထို့နော် PAFD အဖွဲ့သားများအနေနဲ့လည်း အထိအခိုက်တစုံတရာမရှိဘဲ အောင်မြင်စွာဆုတ်ခွာ နိုင်ခဲ့တယ်လို့သိရပါတယ်။

Zayartime Media-ဇေယျာတိုင်း မီဒီယာ

စစ်ကိုင်းတိုင်း စကစခန့် ဝန်ကြီးချုပ် ယာဥ်တန်းမှိုင်းဆွဲ တိုက်ခိုက်ခံရ စစ်ကိုင်းတိုင်း စကစခန့် ဝန်ကြီးချုပ် ယာဥ်တန်းမှိုင်းဆွဲ တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 18:11 Rating: 5

No comments:

Powered by Blogger.