ရေစကြို-​ချောင်းဦးလမ်းတွင် စစ်​ကောင်စီယာဥ်တန်းမိုင်းဆွဲခံရ ၁၀ဦးနှင့်အထက် သေဆုံးနိုင်ဟုထုတ်ပြန်


စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရေစကြို-ချောင်းဦးလမ်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ ယာဥ်တန်းကိုပူး​ပေါင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အနည်းဆုံး ၁၀ ဦးနှင့်အထက်သေဆုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၂၃ရက်၊ နံနက် ၁၀နာရီခန့်က ချောင်းဦး ဆင်ဖြူရှင် လမ်းတစ်နေရာ၌ ညီနောင်မဟာမိတ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးအထက် သေဆုံးနိုင်ကြောင်း၊ ကားအကြီးတစ်စီးပျက်စီးကာ ကရိန်းဖြင့်ပင်ဆွဲသွားရကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီယာဉ်တန်းသည် မကွေးတိုင်း ရေစကြိုမြို့နယ်ဘက်မှ စစ်ကိုင်းတိုင်းဘက်ခြမ်းသို့ နံနက် ၉နာရီခန့်တွင် ဆင်ဖြူရှင်တံတားကို ဖြတ်ကျော်ဝင်‌ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းမိပြီးနောက် ရမ်းသမ်းပစ်ခတ်မှုများလည်းရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

အဆိုပါ ခုခံတိုက်ခိုက်မှုကို ညီနောင်မဟာမိတ်များအဖွဲ့များဖြစ်သော Chaung U People's Defence Force - CHU PDF ၊ 27 Revolution Forces ၊ Myaung Special People's Defense Force - MSPDF နှင့် T.G.R (Myaung) အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

People's Spring 

ရေစကြို-​ချောင်းဦးလမ်းတွင် စစ်​ကောင်စီယာဥ်တန်းမိုင်းဆွဲခံရ ၁၀ဦးနှင့်အထက် သေဆုံးနိုင်ဟုထုတ်ပြန် ရေစကြို-​ချောင်းဦးလမ်းတွင် စစ်​ကောင်စီယာဥ်တန်းမိုင်းဆွဲခံရ ၁၀ဦးနှင့်အထက် သေဆုံးနိုင်ဟုထုတ်ပြန် Reviewed by THITHTOOLWIN on 18:04 Rating: 5

No comments:

Powered by Blogger.