ပျူသင်တန်းတက်နေတဲ့ ကျောင်းဆရာမတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး


မြိုင် ၊နိုဝင်ဘာ ၁၇၊ ၂၀၂၁။

မြိုင်မြို့နယ်အတွင်းက ပျူသင်တန်းတက်နေတဲ့ ကျောင်းဆရာမတစ်ဦးကို  ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ရက်

ညပိုင်းမှာ ရှင်းလင်းခဲ့တယ်လို့ မြိုင် PDF ဆီကသိရပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မင်းကန်ရွာက ကျောင်းဆရာမ ဒေါ်စိုးစန္ဒာစောဖြစ်ပြီး ပျူသင်တန်းတက်‌နေတဲ့အပြင် CDMမလုပ်ပဲ ကျောင်းဖွင့်ဖို့အတွက်သာကြိုးစားနေတာကြောင့် ခုလိုရှင်းလင်းခဲ့တာဖြစ်တယ်လို့ မြိုင် PDF နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

“ မင်းကန်ရွာကကျောင်းဆရာမပါ၊ အဲဒီဆရာမကို CDMလုပ်ဖို့သတိပေးပါသေးတယ်၊CDMမလုပ်တဲ့အပြင်ကျောင်းဖွင့်ဖို့လည်းကြိုးစားနေတာပါ၊ဒါ့အပြင်သူက ပျူသင်တန်းပါဆက်တက်နေတော့ ရှင်းလင်းလိုက်တာပါ” လို့ပြောပါတယ်။

ဒီရှင်းလင်းမှုကို မြိုင် PDF နဲ့ ဆားလင်းကြီး သမန်းကျားပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

မြေလတ်အသံ - Myaelatt Athan

ပျူသင်တန်းတက်နေတဲ့ ကျောင်းဆရာမတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး ပျူသင်တန်းတက်နေတဲ့ ကျောင်းဆရာမတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး Reviewed by THITHTOOLWIN on 18:03 Rating: 5

No comments:

Powered by Blogger.