PDF Kalay ရဲဘော်တွေ ဖမ်းဆီးတဲ့နေရာမှာ တိုက်ပွဲဆက်ဖြစ်ပွား

အမျိုးသမီးငယ်များမှာ PDF (Kalay) တပ်ရင်း ၃ အောက်မှ တပ်ခွဲတစ်ခု၏ ဆေးတပ်ဖွဲ့ဝင်များဖြစ်သည်

ကလေးမြို့ အနောက်တောင်ဘက် ချင်းပြည်နယ်မှာ ဒီမနက် ၇ နာရီကစပြီး လက်နက်ကြီးနဲ့ သေနတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။

ယင်းနေရာတွင် မနေ့က PDF Kalay တပ်ရင်း ၃ တပ်ခွဲက ဆေးတပ်သား အမျိုးသမီး ၁၀ ယောက်နဲ့ ယောက်ျားလေး ၂ ယောက်ဖမ်းကို အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံရပါတယ်။ 

PDF Kalay နဲ့ CNDF တပ်တွေက ဖမ်းဆီးခံရတဲ့ရဲဘော်တွေပြန်လွတ်ပေးပါက လမ်းဖွင့်ပေးမယ်လို့ လော်စပီကာနဲ့ ပြောပါတယ်။ ဒါပေမယ့် စစ်တပ်ဖက်က ပြည်သူ့ကာကွယ်ရေးတပ်သားတွေ ပြန်မလွတ်ပေးလို့ တိုက်ပွဲ ထပ်မံဖြစ်ပွားခြင်းဖြစ်တယ်။

မနက်ပိုင်းတွင် ကလေး-ဂန့်ဂေါလမ်း ထိုမာဘက်ကနေ စစ်ကူတက်လာတဲ့ ကားတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။

Zalen 

PDF Kalay ရဲဘော်တွေ ဖမ်းဆီးတဲ့နေရာမှာ တိုက်ပွဲဆက်ဖြစ်ပွား PDF Kalay ရဲဘော်တွေ ဖမ်းဆီးတဲ့နေရာမှာ တိုက်ပွဲဆက်ဖြစ်ပွား Reviewed by THITHTOOLWIN on 18:11 Rating: 5

No comments:

Powered by Blogger.