နန်းမား လျှပ်စစ်ရုံး​ရှေ့ ​ပေါက်ကွဲမှုဖြစ်


16 November 2021

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့ရှိ EPC လျှပ်စစ်ရုံးရှေ့၌ နို၀င်ဘာလ ၁၆ရက်နေ့ မနက် ၂နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

"နန်းမား EPC ရုံးက စစ်ကောင်စီအတွက် အခွန်ရှာပေးသလိုဖြစ်နေတာကြောင့် အခုလိုဗုံးပေါက်ကွဲမှု ဖြစ်ပွားတာ ဖြစ်နိုင်တယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြို့အတွင်း စစ်ကောင်စီမှ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

နန်းမားမြို့ EPC ရုံးမှ လျှပ်စစ်မီတာခ စာရွက် လိုက်လံဖြန့်ဝေခြင်းများ ရှိကြောင်း သိရသည်။

Kachinwaves 

နန်းမား လျှပ်စစ်ရုံး​ရှေ့ ​ပေါက်ကွဲမှုဖြစ် နန်းမား လျှပ်စစ်ရုံး​ရှေ့ ​ပေါက်ကွဲမှုဖြစ် Reviewed by THITHTOOLWIN on 09:35 Rating: 5

No comments:

Powered by Blogger.