စလင်းမြို့မစျေးမီးလောင်မှု မီးထိန်းနိုင်ခဲ့၊ ဆိုင်ခန်း ၁၃၀ နီးပါးမီးလောင်ဆုံးရှုံး


စလင်း၊ နိုဝင်ဘာ ၂၃၊ ၂၀၂၁။

မကွေးတိုင်း၊ စလင်းမြို့ မြို့မစျေးမီးလောင်မှုကို ည ၇ နာရီခွဲလောက်မှာ မီးထိန်းနိုင်ခဲ့တယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။ 

ဒီနေ့ည ၆ နာရီလောက်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ချိန် ၁ နာရီကျော်လောက်အကြာမှာ ငြိမ်းသက်နိုင်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

“မီးလောင်ကြာချိန် ၁ နာရီ ၁၅ မိနစ်လောက် ကြာသွားပါတယ်။ စလင်းမြို့မဈေးမီးလောင်တာက မီးပျက်နေတဲ့အချိန်လောင်တာ၊ ဘယ်သူတွေရှို့တာလည်းဆိုတာ စဉ်းစားစရာမလိုပါဘူး၊ စျေးတွေမီးရှို့ပြီးလူတွေကို တမင်စီးပွားပျက်အောင်လုပ်နေတာ။” လို့ သူက ပြောပါတယ်။ 

စလင်းမြို့မ‌ဈေးထဲမှာဆိုင်ခန်းစုစုပေါင်း ၇၃၆ ခန်းရှိပြီး မီးလောင်မှုကြောင့် အထည်ဆိုင်၊ တောကုန်ဆိုင်၊ ကုန်စုံဆိုင် စတဲ့ဆိုင်တွေအပါအဝင် ဆိုင်ခန်းပေါင်း ၁၂၉ ခန်း မီးလောင်ပျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြေလတ်အသံ - Myaelatt Athan 

စလင်းမြို့မစျေးမီးလောင်မှု မီးထိန်းနိုင်ခဲ့၊ ဆိုင်ခန်း ၁၃၀ နီးပါးမီးလောင်ဆုံးရှုံး စလင်းမြို့မစျေးမီးလောင်မှု မီးထိန်းနိုင်ခဲ့၊ ဆိုင်ခန်း ၁၃၀ နီးပါးမီးလောင်ဆုံးရှုံး Reviewed by THITHTOOLWIN on 23:20 Rating: 5

No comments:

Powered by Blogger.