စစ်ကိုင်း ရေဦးထဲက ရွာတချို့မှာ NLD အမတ်တွေရဲ့ ဓာတ်ပုံတွေပြပြီး လူတွေကို စစ်မေးနေတယ်လို့ ဆို


စစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့မှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒေသခံတွေကို NLD တိုင်းဒေသကြီးလွှတ်တော် အမတ်တချို့ရဲ့ ဓာတ်ပုံတွေပြပြီး လိုက်လံ စစ်ဆေးမေးမြန်း နေတယ်လို့ သိရပါတယ်။

ရေဦးထဲက ကျေးရွာတွေမှာ ရေဦးမြို့နယ် တိုင်းအမတ် ဦးမြင့်ထွေးနဲ့ ဝက်လက်က တိုင်းအမတ် ဒေါက်တာနိုင်အောင်တို့ရဲ့ ပုံတွေကို ပြပြီး ပုံထဲကသူတွေကိုသိလား၊ ဘယ်မှာ ရှိလဲ ဆိုတဲ့ မေးခွန်းမျိုးတွေ မေးမြန်းတာမျိုး ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ရွာသားတချို့ ရိုက်နှက် စစ်ဆေးခံရတယ်လို့ ကနဦး သတင်းတွေက ဆိုပေမယ့် သီးခြား အတည်ပြုနိုင်အောင် ဆက်လက် စုံစမ်းနေပါတယ်။

အဲဒီ NLD အမတ်တွေကို စစ်ကောင်စီတပ်ဖွဲ့တွေက အလိုရှိနေတာ ဖြစ်ပြီး၊ ဦးမြင့်ထွေးရဲ့ အိမ်ကို ချိတ်ပိတ်ထားပါတယ်။ ဒေါက်တာနိုင်အောင်နဲ့ ဆွေမျိုးရင်းချာ မိသားစုဝင်တွေလည်း ပစ်မှတ်ထားခံရ၊ ကားလိုမျိုး ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံထားရတယ်လို့ နားလည်ရပါတယ်။

BBC Burmese

စစ်ကိုင်း ရေဦးထဲက ရွာတချို့မှာ NLD အမတ်တွေရဲ့ ဓာတ်ပုံတွေပြပြီး လူတွေကို စစ်မေးနေတယ်လို့ ဆို စစ်ကိုင်း ရေဦးထဲက ရွာတချို့မှာ NLD အမတ်တွေရဲ့ ဓာတ်ပုံတွေပြပြီး လူတွေကို စစ်မေးနေတယ်လို့ ဆို Reviewed by THITHTOOLWIN on 23:30 Rating: 5

No comments:

Powered by Blogger.