ရွာငံမြို့နယ် စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူတစ်ဦး ဓားထိုးသတ်ခံရ


နိုဝင်ဘာလ (၂၃) ရက်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာတွင် စစ်တပ်သတင်းပေးသူဟု နာမည်ထွက်နေသည့် ရွာသားတစ်ဦး ဓားထိုးသတ်ခံလိုက်ရကြောင်း စုံစမ်းသိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ (နိုဝင်ဘာလ ၂၂ ရက်) ည ၈ နာရီခွဲဝန်းကျင် အချိန်တွင် နွားဘန်းကြီးကျေးရွာ၏ တောင် ဘက်ပိုင်းတွင် အိမ်နှင့်တွဲလျက် အရက်ဆိုင် ဖွင့်ထားသည့် စစ်တပ်သတင်းပေး ကိုတင်ဇော် (ခ) ဖိုးတင်ဇော်ကို အမည်မသိ လူနှစ်ဦးက ဓါးဖြင့် ထိုးသတ်သွားကြောင်းသိရသည်။ 

“သူက ဝိုင်းထဲက ပစ္စည်းတွေသိမ်းနေချိန် သူ့အော်သံတစ်ချက်ကြားလို့ သူ့မိန်းမက အိမ်ထဲကနေ ပြေးထွက်လာတာနဲ့ လူနှစ်ယောက်က ဝိုင်းအပြင်ဘက်ကို ပြေးထွက်သွားတာ မြင်တယ်တဲ့၊ ဓါးချက်ကတော့ ဝမ်းဗိုက်မှာ တစ်ချက်၊ ပြီးတော့ ညာဖက်ရင်အုံမှာလည်း ဓါးစိုက်ထားတာတွေ့ရတယ်” ဟု အမည်မဖော်လိုသည့် နွားဘန်းကြီးရွာခံတစ်ဦးက ပြောသည်။ 

အဆိုပါ စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသည့် ကိုတင်ဇော် (ခ) ဖိုးတင်ဇော်သည် ခြေတစ်ဖက်လှိမ်နေသူဖြစ်ပြီး နွားဘန်းကြီးရွာ ဇာတိလည်းမဟုတ်ကြောင်း သိရသည်။ 

“သူနဲ့သူ့မိန်းမ ဒီရွာကို ရောက်လာတာ မကြာသေးပါဘူး၊ သူ့မိန်းမကတော့ ဒီကရွာသူပေါ့၊ စစ်တပ်ထဲမှာ သူ့အသိ တွေများတယ် ဆိုပြီးတော့ ခဏခဏ ပြောလေ့ရှိတယ်၊ အရင်ကလည်း သူသတင်းပေးလို့ လူငယ်တွေ အဖမ်းခံရ တယ်ဆိုတဲ့ သတင်းလည်းထွက်နေတယ်” ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့တွင် နွားဘန်းကြီးကျေးရွာရှိ စာသင်ကျောင်း၌ ဒေသခံလူငယ်များမှ စစ်ကျွန် ပညာရေးအား ဆန့်ကျင်ကြောင်း စာတန်းများရေးကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီးနောက် စစ်ကောင်စီမှ ဒလန်များ၏ အကူအညီဖြင့် ရွာတွင်း ဝင်ရောက်သောင်းကျန်းဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီမှ လူငယ်များကို အကြောင်းမဲ့ ဖမ်းဆီးခြင်းများ ပြုလုပ်ပြီးနောက် နွားဘန်းကြီးရွာမှ စစ်တပ်သတင်း ပေးနေသူဟု နာမည်ကြီးနေသည့် သူများလည်း သုတ်သင်ရှင်းလင်းခြင်း ခံရကြောင်း သတင်းသိရသည်။


SHAN News (Burmese Version) 

ရွာငံမြို့နယ် စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူတစ်ဦး ဓားထိုးသတ်ခံရ ရွာငံမြို့နယ် စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူတစ်ဦး ဓားထိုးသတ်ခံရ Reviewed by THITHTOOLWIN on 21:48 Rating: 5

No comments:

Powered by Blogger.