ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လူငယ်(၂)ဦးကို ပစ်သတ်ကာ (၁၂)ဦးကို ဖမ်းဆီ

ဝမ်းတွင်းမြို့နယ်အတွင်း နတ်နန်းစံပြကျေးရွာတွင် အာဏာသိမ်းစစ်တပ်က PDF အကြောင်းပြကာ အင်အားများဖြင့် ဝင်ရောက်အကြမ်းဖက်ပြီး လူငယ်(၂)ဦးကို ပစ်သတ်ကာ (၁၂)ဦးကို ဖမ်းဆီး ခေါ်ဆောင်သွား


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း နတ်နန်းစံပြကျေးရွာတွင် အာဏာသိမ်းစစ်တပ်က အင်အား အများအပြားဖြင့် ဝင်ရောက်စီးနင်းပြီး လူငယ်(၂)ဦးကို ပစ်သတ်ကာ အလောင်းယူသွားပြီး လူငယ်(၁၂)ဦးကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။ 

ဝမ်းတွင်းမြို့နယ်အတွင်း နတ်နန်းစံပြကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ ရောက်နေသည်ဟုဆိုကာ ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ညနေ(၃)နာရီ ဝန်းကျင်အချိန်က အာဏာသိမ်းစစ်တပ်က အင်အား(၁၀၀)ဝန်းကျင်ဖြင့် ဝိုင်းဝန်းပိတ်ဆို့ချိန်တွင် အလုပ်နားရက်မို့ ဝိုင်းဝန်းစားသောက်နေသည့် လူငယ်အဖွဲ့သည် ကြောက်လန့်ပြီး ထွက်ပြေးရာ အာဏာသိမ်းစစ်တပ်ဘက်က ပစ်ခတ်၍ (၂)ဦး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

"ရွာထဲက ဒေါ်ဝိုင်းကြည်အိမ်မှာ အရက်ဝိုင်းဖွဲ့နေတုန်း စစ်ခွေးတွေက ဝင်လာတာ။  သောက်စားနေတဲ့ လူငယ်တွေက ကြောက်လန့်ပြီး ထွက်ပြေးတာ စစ်တပ်က ပစ်ခတ်လို့ (၂)ဦးသေတယ်။ သေတဲ့ (၂)ဦးရဲ့ အလောင်းကို သယ်သွားတယ်။ ပြန်မရဘူး။  အဖမ်းခံရတာက (၁၂)ဦး၊ တိုင်းမှူး သဲတောလေးကျေးရွာကို လာတုန်းက ဗိုလ်မှူးတေဇာဖြိုးကို ထွက်ပြေးတဲ့သူမှန်သမျှ ပစ်သတ်လို့ မှာသွားတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၁၈)ရက်နေ့ ညပိုင်းက ပြောသည်။

အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် စားဝိုင်းမှ ထပြေးသူများအနက် ငပွားဆိုသူနှင့် နောက်ဆုံးနှစ်ကျောင်းသား ကိုကျော်ထက်တို့ (၂)ဦးမှာ ကျည်ထိမှန်ပြီး နေရာမှာပင် သေဆုံးသွားခြင်းဖြစ်ပြီး အလောင်းကိုလည်း သယ်ဆောင်သွားသည်ဟု သိရသည်။ 

အာဏာသိမ်းစစ်တပ်သည် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း လက်နက်အင်အား၊ လူအင်အင်အားများဖြင့် ဝင်ရောက်ပြီး PDF ရှာဖွေသည်ဟုဆိုကာ အကြမ်းဖက်မှုများ ပြုလုပ်နေ၍ အချို့ကျေးရွာများမှ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များမှ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း သိရသည်။

Tachileik News Agency 



ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လူငယ်(၂)ဦးကို ပစ်သတ်ကာ (၁၂)ဦးကို ဖမ်းဆီ ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လူငယ်(၂)ဦးကို ပစ်သတ်ကာ (၁၂)ဦးကို ဖမ်းဆီ Reviewed by THITHTOOLWIN on 06:55 Rating: 5

No comments:

Powered by Blogger.