ဒီးမော့ဆိုတွင် တိုက်ပွဲဖြစ်ပွားနေစဉ် အာဏာသိမ်းတပ်က အရပ်သား နှစ်ဦးကို ပစ်ခတ်ပြီး ကျေးရွာတွင်း မီးရှို့



ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့က ကရင်နီတပ်မတော် (KA)၊ KNDF တို့နှင့် တိုက်ပွဲဖြစ်သည့် အာဏာသိမ်းတပ်ဘက်က သေဆုံးမှုရှိပြီး လမ်းသွားလမ်းလာ ပြည်သူ (၂) ဦးကို ပစ်သတ်သည့်အပြင် ကျေးရွာတွင်း နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးကြောင်း သိရသည်။

လွိုင်ကော်မြို့မှ စစ်အင်အားဖြည့်တင်းရန်လာသည့် စစ်ကား (၂၀) စီးပါ စစ်ယာဉ်တန်းနှင့်တက်လာသည့်  အကြမ်းဖက် အာဏာသိမ်းစစ်တပ်နှင့်  ကရင်နီတပ်မတော် (KA)၊ KNDF တို့ကြား ဒီးမော့ဆိုမြို့နယ် (၅) မိုင်နှင့် (၆) မိုင်ကျေးရွာတစ်လျှောက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ အာဏာသိမ်းတပ်မှ (၁) ယောက်သေသည်ဟု သိရသည်။

တိုက်ပွဲဖြစ်နေစဉ်အတွင်း အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီတပ်က (၆) မိုင် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ခဲ့သည့်အပြင် လမ်းသွားလမ်းလာ ပြည်သူနှစ်ဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်တပ်သည် တိုက်ပွဲတိုင်းတွင် လုပ်လေ့ရှိသည့်အတိုင်း ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကိုလည်း လုပ်ဆောင်ကြောင်း သိရသည်။

အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီတပ်များသည် ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘောလခဲမြို့နယ်များဘက်သို့ တပ်အင်အား ဖြည့်တင်းရန်ကြိုးစားလျက်ရှိပြီး  ဖယ်ခုံမြို့နယ်၊ အနောက်ကယန်း‌ဒေသဘက်သို့လည်း  အင်အား (၃၀၀) ကျော်ဖြင့်  စစ်ကြောင်းထိုးလျက်ရှိကြောင်း KNDF က ထုတ်ပြန်ထားသည်။

Tachileik News Agency 



ဒီးမော့ဆိုတွင် တိုက်ပွဲဖြစ်ပွားနေစဉ် အာဏာသိမ်းတပ်က အရပ်သား နှစ်ဦးကို ပစ်ခတ်ပြီး ကျေးရွာတွင်း မီးရှို့ ဒီးမော့ဆိုတွင် တိုက်ပွဲဖြစ်ပွားနေစဉ် အာဏာသိမ်းတပ်က အရပ်သား နှစ်ဦးကို ပစ်ခတ်ပြီး ကျေးရွာတွင်း မီးရှို့ Reviewed by THITHTOOLWIN on 06:51 Rating: 5

No comments:

Powered by Blogger.