ယနေ့ ဆောမြို့နယ်တိုက်ပွဲ စကစ ၂၀ ယောက် ထက်မနည်းသေဆုံး


ယနေ့ နို၀င်ဘာ ၁၉ ရက် ဆောမြို့နယ်အတွင်း ဖြစ်ပွားသော CDF/PDF ပူးပေါင်းတပ်ဖွဲ့နှင့် စကစတပ်အကြား တိုက်ပွဲတွင် စကစဘက်မှ ၂၀ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း PDF-Saw မှ ထုတ်ပြန်သည်။ 

စကစစစ်ကြောင်းနှင့် CDF-Mindat, PDF-Saw, YDF, CDF-Kanpetlet ပူးပေါင်းတပ်ဖွဲ့အကြား ဆောမြို့နယ်၊ ကျိန်ချောင်းရွာနှင့် တောမရွာ ပတ်၀န်းကျင်တွင် တိုက်ဖြစ်ပွားသည်ဟု CDF-Kanpetlet မှ ထုတ်ပြန်သည်။ 

CDF-Mindat မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိပြီး PDF-Saw တပ်ဖွဲ့မှ။ရဲဘော်တစ်ဦး လက်နက်ကြီး ထိမှန်လို့ ကျဆုံးသွားကြောင်း PDF-Saw ထုတ်ပြန်ထားသည်။ 

"စကစ ခလရ (၁၄၀) မှ အင်အား ၄၀၀ ခန့်ရှိသော စစ်ကြောင်းနှင့် PDF/CDF အကြားတိုက်ပွဲပြင်းထန်နေပြီး စကစဘက်မှ MI-35 စစ်ရဟက်ယာဉ် ၂ စီးဖြင့် လေကြောင်းပစ်ကူပေးသည်" ဟု စကစထောက်ခံသော သတင်းစာမျက်နှာများတွင်လည်း ရေးသားထားသည်။

Chin News Journal - CNJ

ယနေ့ ဆောမြို့နယ်တိုက်ပွဲ စကစ ၂၀ ယောက် ထက်မနည်းသေဆုံး ယနေ့ ဆောမြို့နယ်တိုက်ပွဲ စကစ ၂၀ ယောက် ထက်မနည်းသေဆုံး Reviewed by THITHTOOLWIN on 16:39 Rating: 5

No comments:

Powered by Blogger.