လှိုင်သာယာ၊ သောင်ကြီးရဲစခန်းမှာ ပေါက်ကွဲမှုရှိခဲ့ပြီး လူသေဆုံးနိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ကြေညာ

သောင်ကြီးရဲစခန်းတိုက်ခိုက်ခံရတဲ့ မှတ်တမ်းဗီဒီယို

စစ်ကောင်စီဘက်ကတော့ လက်လုပ်အသံဗုံးသာဖြစ်တယ်လို့ ထုတ်ပြန်

ဒီကနေ့ နိုဝင်ဘာ (၂၀)ရက် မနက်အစောပိုင်းမှာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်းမကြီးပေါ်မှာရှိတဲ့ သောင်ကြီးရဲစခန်းကို မနက် (၈)နာရီဝန်းကျင်မှာ ဒေသကာကွယ်ရေးအဖွဲ့က ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒေသကာကွယ်ရေးအဖွဲ့ CGF HTYရဲ့ ထုတ်ပြန်ချက်အရတော့ “မဟူရာ”စစ်ဆင်ရေး လို့သတ်မှတ်ပြီး ၄၀ မီလီမီတာရှိတဲ့ ဗုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။

တဖက်မှာတော့ ဒီပစ်ခတ်မှုဟာ လက်လုပ်အသံဗုံးပေါက်ကွဲမှုသာဖြစ်ပြီး လူအဆောက်အဦထိခိုက် ပျက်စီးမှုမရှိဘူးလို့ စစ်ကောင်စီဘက်က ထုတ်ပြန်လာပါတယ်။

ဒီနေ့ပေါက်ကွဲမှုပြီးတဲ့နောက်မှာတော့ စစ်ကောင်စီဘက်က လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

လှိုင်သာယာမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတာ (၈)လနီးပါးရှိနေပြီးဖြစ်သလို ထန်းတပင်တာဆုံရဲကင်းတိုက်ခိုက်ခံရမှုလို ထင်ရှားတဲ့မြို့ပြပြောက်ကြားလှုပ်ရှားမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

BBC Burmese

လှိုင်သာယာ၊ သောင်ကြီးရဲစခန်းမှာ ပေါက်ကွဲမှုရှိခဲ့ပြီး လူသေဆုံးနိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ကြေညာ လှိုင်သာယာ၊ သောင်ကြီးရဲစခန်းမှာ ပေါက်ကွဲမှုရှိခဲ့ပြီး လူသေဆုံးနိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ကြေညာ Reviewed by THITHTOOLWIN on 18:12 Rating: 5

No comments:

Powered by Blogger.