ခိုး၊ ဆိုး၊ လုယက် ၊ မုဒိန်းမှုများ ကျူးလွန်တဲ့ ကျုံးရိုဆွမ်ကို CNDF က ယနေ့ကွပ်မျက်လိုက်တယ်လို့ထုတ်ပြန်


၁။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ဒုစရိုက်ပေါင်းစုံ ကျုးလွန်သည့် ကျုံးရိုဆွမ်အား ၂၀၂၁ ခုနှစ်၊ နို၀င်ဘာလ (၈) ရက်နေ့တွင် ၎င်းနေထိုင်သည့်ရွာသားများ၏ တိုင်ကြားချက်အရ သွားရောက်ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။

၂။ ကျုံးရိုဆွမ်သည် ကျေးရွာနှင့် အနီးတစ်ဝိုက်တွင် ခိုး၊ ဆိုး၊ လုယက် ၊ မုဒိန်းမှုများ ကျူးလွန်ခဲ့သည့်အတွက် ထောင်ဒါဏ်ကျခံခဲ့ရာမှ အကြမ်းဖက်စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်သည်။

၃။ ထိုသို့လွတ်မြောက်လာပြီးနောက် တူမီးသေနတ်နှင့် ဓါးကိုင်ဆောင်ကာ လူနေအိမ်များတွင် ယခင်ထက် ပိုမိုဆိုးရွားစွာ လုယက်ခြင်း၊ ဓါးပြတိုက်ခြင်း၊ မုဒိန်းမှုများ ဆက်လက်ကျူးလွန်လျက်ရှိရာ ကျေးရွာရှိပြည်သူများမှ မိမိတို့ CNDF ထံသို့ တိုင်ကြားလာခဲ့ပါသည်။

၄။ ယခုကဲ့သို့ ဒုစရိုက်မျိုးစုံ ကျူးလွန်ကာ အများပြည်သူ စည်းစိမ်၊ ဥစ္စာနှင့် အသက်အန္တရာယ်အား ခြိမ်းခြောက်လျက်ရှိသည့် ထောင်ထွက် ကျုံးရိုဆွမ်အား မိမိတို့ CNDF မှ အမှုစစ်ဆေး၊ တရားစီရင်ကာ ယနေ့ နို၀င်ဘာလ (၂၀) ရက်နေ့တွင် ပြစ်ဒါဏ်စီရင်ကွပ်မျက်လိုက်ပါသည်။

၅။ နောက်နောင်တွင်လည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် ကလေး-ကဘော်ဒေသအတွင်း ရာဇသတ်၊ ဓမ္မသတ်ဆိုင်ရာ ပြစ်မှုများ ကျုးလွန်လာပါက ချင်းအက်ဥပဒေအရ CNO/CNDF မှ တရားစီရင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။

သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန

ချင်းအမျိုးသားအဖွဲ့ချုပ်

Zalen 


ခိုး၊ ဆိုး၊ လုယက် ၊ မုဒိန်းမှုများ ကျူးလွန်တဲ့ ကျုံးရိုဆွမ်ကို CNDF က ယနေ့ကွပ်မျက်လိုက်တယ်လို့ထုတ်ပြန် ခိုး၊ ဆိုး၊ လုယက် ၊ မုဒိန်းမှုများ ကျူးလွန်တဲ့ ကျုံးရိုဆွမ်ကို CNDF က ယနေ့ကွပ်မျက်လိုက်တယ်လို့ထုတ်ပြန် Reviewed by THITHTOOLWIN on 18:09 Rating: 5

No comments:

Powered by Blogger.