စစ်ကောင်စီ ရေယာဉ်ကို ချင်းတွင်းမြစ်တစ်နေရာကနေ စောင့်ကြိုတိုက်ခိုက်

 နိုဝင်ဘာ(၂၂)

မုံရွာ အလုံဆိပ်ကမ်းကနေ ဒီကနေ့ မနက်(၉)နာရီဝန်းကျင်က ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီမော်တော်ရေယာဉ်ကို ဒေသခံPDF တွေဖြစ်တဲ့ B-21၊GTFနဲ့ ရပ်ရွာ ပ၊က၊ဖအဖွဲ့တွေ ပူးပေါင်းပြီး နေ့လည်(၂)နာရီဝန်းကျင်မှာ တို က်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရေယာဉ်ကို မုဒ်ထောကျေးရွာအနားကနေ စောင့်ကြိုတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ PDF ရဲဘော်တစ်ယောက်က ပြောပါတယ်။GTFနဲ့ ပ၊က၊ဖ ရဲဘော်တွေ ထိခိုက်ကျဆုံးမှုမရှိဘဲ ဆုပ်ခွာနိုင်ခဲ့ကြတယ်လို့ လည်း သိရပါတယ်။

ဒေသခံPDFတွေရဲ့ စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အတိအကျကိုတော့ မသိရသေးဘူးလို့B21အဖွဲ့တာဝန်ရှိသူ ပြောပါတယ်။



မျက်မှောက်ခေတ်

စစ်ကောင်စီ ရေယာဉ်ကို ချင်းတွင်းမြစ်တစ်နေရာကနေ စောင့်ကြိုတိုက်ခိုက် စစ်ကောင်စီ ရေယာဉ်ကို ချင်းတွင်းမြစ်တစ်နေရာကနေ စောင့်ကြိုတိုက်ခိုက် Reviewed by THITHTOOLWIN on 00:25 Rating: 5

No comments:

Powered by Blogger.