တိုင်းဦးစီးရုံးခန်း ဗုံးပေါက်ပြီးနောက် မြင်သာ(က.ည.န)ရုံး ပိတ်ထား

ပုံစာ - မြင်သာ က.ည.န ရုံး (ပုံဟောင်း)

ရန်ကုန်၊ နိုဝင်ဘာ ၂၂

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ မြင်သာ က.ည.န လိုင်စင်ရုံးကို ပိတ်သိမ်းထားကြောင်း မျက်မြင်သက်သေများက လူငယ့်ခေတ်သို့ ပြောသည်။ 

အကြမ်းဖက်စစ်အောက်စီလက်အောက်ခံ လိုင်စင်လုပ်ငန်းများ ဆောင်ရွက်ပေးသည့်  မြင်သာရုံးရှိ တိုင်းဦးစီးအခန်း နိုဝင်ဘာ(၁၉)ရက် နေလယ်ပိုင်းက ပါဆယ်ဗုံးပေါက်ကွဲပြီးနောက် ယခုကဲ့သို့ ပိတ်လိုက်ခြင်းဖြစ်သည်။

ပေါက်ကွဲမှုကြောင့် လူနှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရှိခဲ့သည်ဟု ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

“ခေတ္တရုံးပိတ်ထားတယ်လို့ပဲ ရေးထားတယ်။ ဘယ်နေ့ထိ ပိတ်မယ်၊ ဘာကြောင့်ပိတ်မယ်ဆိုတာတော့ မရေးထားဘူး”ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။ 

လက်နက်အားကိုးဖြင့် နိုင်ငံတော်အာဏာကို အကြမ်းဖက်စစ်တပ် လုယူပြီးသည့်အချိန်မှစတင်၍ ယနေ့အထိ ထိုရုံးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ အခိုင်အမာ တပ်ဆွဲထားခြင်းဖြစ်သည်။


Lu Nge Khit

တိုင်းဦးစီးရုံးခန်း ဗုံးပေါက်ပြီးနောက် မြင်သာ(က.ည.န)ရုံး ပိတ်ထား တိုင်းဦးစီးရုံးခန်း ဗုံးပေါက်ပြီးနောက် မြင်သာ(က.ည.န)ရုံး ပိတ်ထား Reviewed by THITHTOOLWIN on 00:21 Rating: 5

No comments:

Powered by Blogger.