စစ်ကိုင်းမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် ဒလန်တဦးသုတ်သင်ခံရ



နိုဝင်ဘာလ ၁၆၊ SGG

စစ်ကိုင်းမြို့နယ်၊ ဆင်မြေကျေးရွာမှ ဒလန်တဦးကိုသုတ်သင်ရှင်းလင်းမှုရှိခဲ့ပါတယ်။ ဆင်မြေကျေးရွာမှာနေထိုင်တဲ့ စစ်ကောင်စီသတင်းပေးဒလန်တဦးဖြစ်သူ ပျူစောထီးအဖွဲ့ဝင် သိန်းနိုင်စိုးကို သုတ်သင်ရှင်းလင်းမှုပြုလုပ်ခဲ့ကြတာလို့သိရပါတယ်။

ယမန်နေ့ နိုဝင်ဘာလ ၁၅ရက်နေ့၊ ည၈နာရီ ၄၀မိနစ်ဝန်းကျင်အချိန်မှာ သုတ်သင်ရှင်းလင်းမှုပြုလုပ်ခဲ့တာလို့သိရပါတယ်။

စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင် သိန်းနိုင်စိုးဟာ တပ်ကြပ်ကြီးတဦးရဲ့ ညီ‌ဖြစ်တယ်လို့သိရပါတယ်။ သူ့ရဲ့ သတင်းပေးပို့မှုကြောင့် ရပ်ရွာကတိမ်းရှောင်နေရသူတွေရှိတယ်လို့သိရပါတယ်။

ပျူစောထီးအဖွဲ့ဝင် ဒလန်ဖြစ်သူ သုတ်သင်ရှင်းလင်းမှုကို ဇေယျာညီနောင်ပြောက်ကြားအဖွဲ့ကလုပ်ဆောင်ခဲ့တာလို့သိရှိရပါတယ်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် ဒလန်တဦးသုတ်သင်ခံရ စစ်ကိုင်းမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် ဒလန်တဦးသုတ်သင်ခံရ Reviewed by THITHTOOLWIN on 17:54 Rating: 5

No comments:

Powered by Blogger.