မင်းကင်း တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၃ ယောက်ကျဆုံး


နိုင်ဝင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်မှာ အောက်တိုဘာလ ၁၅ ရက်နေ့က ကျောက်ခဲတက်မှစစ်ကြောင်းထိုးလာသော စကစနဲ့ ပျူစောထီးတွေကို သင်တောကျေးရွာ အနီးမှာ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တို

က်ခိုက်မှု့ဖြစ်ပွားခဲ့ပြီး စကစတပ်သား (၁၀) ယောက်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်သား (၃)ယောက် ထိခိုက်ဒါဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

မနေ့က ထိခိုက်ဒါဏ်ရာရရှိခဲ့တဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော် (၃) ယောက်ဟာ ဒါဏ်ရာပြင်းထန်မှု့ကြောင့် ဒီကနေ့မှာ ကျဆုံးသွားခဲ့ပါတယ်။ 

"မနေ့က တိုက်ပွဲမှာဒါဏ်ရာရခဲ့တာပါ ဒါဏ်ရာကပြင်းထန်တော့ ဒီနေ့ ကျဆုံးသွားတာ ၃ ယောက်ပါ ခွေးတွေက သုံးဖွဲ့ခွဲတက်ခဲ့တာ လက်နှက်ကြီးပြန်အယူမှာ ကင်းပုန်ဝပ်နေတဲ့အဖွဲနဲ့တွေ့တာ အပစ်ခံရတာ မသေခင်နှိပ်စက်ခံထားရတယ် ကျောမှာလည်းဒါဏ်ရာတွေနဲ့ မျက်လုံးလည်းပျက်သွားတယ်"လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မျက်မှောက်ခေတ်ကို ပြောပါတယ်။ 


မင်းကင်းမြို့နယ် မြစ်ရိုးအောက်ဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မနဲ့ စကစ၊ပျူစောထီးတို့ မကြာခဏ တိုက်ပွဲဖြစ်နေတာကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြရသူ ဒေသခံပြည်သူပေါင်း (၁၀၀၀၀)ဝန်ကျင်ရှိတယ်လို့ သိရပါတယ်။

မျက်မှောက်ခေတ်  / ဓါတ်ပုံ မင်းကင်း pdf

မင်းကင်း တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၃ ယောက်ကျဆုံး မင်းကင်း တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၃ ယောက်ကျဆုံး Reviewed by THITHTOOLWIN on 17:42 Rating: 5

No comments:

Powered by Blogger.