စျေးကားစောင့်ရင်း ဂိမ်းဆော့နေတဲ့ လူငယ်အဖွဲ့ကို စစ်အုပ်စုက ပစ်ခတ်လို့ တဦးသေဆုံးပြီး တဦးအဖမ်းခံရ


နတ်မောက်၊ နိုဝင်ဘာ ၁၁၊ ၂၀၂၁။

မကွေးတိုင်း၊ နတ်မောက်မြို့နယ် စခန်းမကျေးရွာမှာ  နိုဝင်ဘာလ ၁၀ ရက်  ည ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်တွေရောက်လာပြီး ရွာထိပ်မှာ ဂိမ်းဆော့နေတဲ့ လူငယ်တွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ တဦးသေဆုံးပြီး တဦးဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွာမှာ ကထိန်ခင်းမှာဖြစ်လို့ ကထိန်အတွက်လိုအပ်တဲ့ ပစ္စည်းတွေ တင်လာတဲ့ ‌စျေးကားကိုစောင့်ရင်း ဂိမ်းထိုင်စော့နေကြတဲ့ လူငယ် ၅ ယောက်‌လောက်ကို စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ‌ဒေသခံတဦးက ပြောပါတယ်။

"ကလေးတွေက ဈေးပစ္စည်းကားအလာကိုစောင့်နေရင်းရွာထိပ်မှာ ဂိမ်းဆော့နေကြတာပါ၊ အဲဒါကို စစ်ကောင်အဖွဲ့က သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ကြတာပါ၊ က‌လေးတွေကပဲစင်းငုံအခင်းတွေကြား ပတ်ပြေးတာကို စစ်ကောင်စီအဖွဲ့က 

လိုက်ပစ်ကြတာပါ၊ ၃ ဦးတော့လွတ်သွားပါတယ်၊ သေနတ်နဲ့ပစ်ခတ်တဲ့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေက အရက်‌ 

သေစာသောက်စားမူးယစ်ထားပုံရပါတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်မှန်ပြီးသေဆုံးသွားတဲ့ မောင်ဝေသူအောင်က ရင်ဘတ်တချက်၊ ခြေထောက်တချက် ထိမှန်သေဆုံးသွားခဲ့ပြီး မောင်ဟိန်းမြတ်သူကိုတော့ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မြေလတ်အသံ - Myaelatt Athan 

စျေးကားစောင့်ရင်း ဂိမ်းဆော့နေတဲ့ လူငယ်အဖွဲ့ကို စစ်အုပ်စုက ပစ်ခတ်လို့ တဦးသေဆုံးပြီး တဦးအဖမ်းခံရ စျေးကားစောင့်ရင်း ဂိမ်းဆော့နေတဲ့ လူငယ်အဖွဲ့ကို စစ်အုပ်စုက ပစ်ခတ်လို့ တဦးသေဆုံးပြီး တဦးအဖမ်းခံရ Reviewed by THITHTOOLWIN on 19:48 Rating: 5

No comments:

Powered by Blogger.