ဒီးမော့ဆိုတိုက်ပွဲမှာ KNDFတစ်ဦးကျဆုံးပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ၂၀ ဦးသေဆုံး


ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (နိုဝင်ဘာ ၁၁ရက်) ထူလွှီးဘီလာနဲ့ ပဒုံငံ ကျေးရွာဖက်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ကရင်နီတပ်မတော်(KA)၊ KNDFပူးပေါင်းတပ်ဖွဲ့တို့  မွန်းလွဲ ၂နာရီဝန်းကျင်မှ ည၆နာရီကျော်အထိ လေးနာရီကျော်ကြာတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး KNDFတပ်ဖွဲ့ ဝင်တစ်ဦး ကျဆုံးခဲ့သလို အကြမ်းဖက် စစ်ကောင်စီတပ်မှ ၂၀ ဦးသေဆုံးခဲ့တယ်လို့ KNDFသတင်းနှင့်ပြန်ကြားရေးဌာနမှ ဒီကနေ့ မှာ သတင်းထုတ်ပြန်ပါတယ်။

အင်အားအလုံးအရင်းနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ခြေတော်ရာ ဘုရားတောင်ဖက်မှ စစ်ကြောင်းထိုးပြီး တောင်ပေါ်တွေမှာ တပ်ဖြန့်ကာ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးမှုများပြားခဲ့သလို ထိခိုက်ဒဏ်ရာရမှု ရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ဟာ ဒီးမော့ဆို မြို့နယ် တိုက်ပွဲဖြစ်ပွားရာ  ဒေသအတွင်းရှိ ဗျူဟာမြောက် ကုန်းပြင်မြင့်များပေါ်မှာ တပ်ဖြန့်လျက်ရှိပြီး စစ်အင်အားဖြည့်တင်းလျက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။


Kantarawaddy Times 


ဒီးမော့ဆိုတိုက်ပွဲမှာ KNDFတစ်ဦးကျဆုံးပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ၂၀ ဦးသေဆုံး ဒီးမော့ဆိုတိုက်ပွဲမှာ KNDFတစ်ဦးကျဆုံးပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ၂၀ ဦးသေဆုံး Reviewed by THITHTOOLWIN on 19:47 Rating: 5

No comments:

Powered by Blogger.