မကွေးမြို့က တိုင်းစည်ပင်ရုံး နဲ့ ပညာရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်ခံရ


မကွေး၊နိုဝင်ဘာ၁၁၊၂၀၂၁။

မကွေးမြို့က တိုင်းစည်ပင်ရုံးနဲ့ တိုင်းဒေသကြီး ပညာရေးမှူးရုံးကို နို၀င်ဘာ ၁၁ ရက် ဒီကနေ့ နေ့လည် ၁၂ နာရီလောက်မှာ ဆက်တိုက်ဆိုသလို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိဿနိုးမြေပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ 

မကွေးတိုင်း၊ မကွေးမြို့၊ ပြည်တော်သာလမ်းမကြီး မြောက်ဘက်ရှိ တိုင်းစည်ပင်ရုံးကို ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး တဆက်တည်းမှာပဲ မကွေးမြို့၊  တိုင်းဒေသကြီးပညာရေးမှုးရုံး ကိုလည်း ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

ဒီတိုက်ခိုက်မှုကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ No Chair ပျောက်ကြားတပ်ဖွဲ့ (မကွေး) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနဲ့ သေဆုံးသူရှိမရှိကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ 


မြေလတ်အသံ - Myaelatt Athan

မကွေးမြို့က တိုင်းစည်ပင်ရုံး နဲ့ ပညာရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်ခံရ မကွေးမြို့က တိုင်းစည်ပင်ရုံး နဲ့ ပညာရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 19:49 Rating: 5

No comments:

Powered by Blogger.