အရာတော်နယ်က စစ်ကောင်စီ သတင်းပေးဆိုသူ သတ်ဖြတ်ခံရ



မျက်မှောက်ခေတ် နို၀င်ဘာ (၁၂)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကြာပင်လှကျေးရွာက စစ်ကောင်စီသတင်းပေးဆိုသူ ကြည်နိုင်ကို ဒီကနေ့ နို၀င်ဘာ(၁၂)ရက်နေ့မှာအသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

သတ်ဖြတ်ခံခဲ့ရသူဟာ စစ်တပ်က အာဏာသိမ်းချိန်မှာ ပျော်ရွှင်နေခဲ့ပြီး အကျိုးစီးပွားအတွက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေသလို သပိတ်စစ်ကြောင်းတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ကို သတင်းပေးတိုင်နေ တာကြောင့် သုတ်သင်ခဲ့တာလို့ အရာတော်မောင်ဒေဝါ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အရာတော်မြို့နယ်အတွင်းက စစ်ကောင်စီသတင်းပေးတွေ၊စစ်ကောင်စီတပ်သားတွေကို ဖိတ်ခေါ်ကျွေးမွေးနေသူတွေအနေနဲ့ စကစတပ်တွေ ပြန်တဲ့အခါ တစ်ပါတည်းလိုက်သွားကြဖို့ ကိုလည်း အရာတော်မောင်ဒေဝါ အ

ဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။

မျက်မှောက်ခေတ် 

အရာတော်နယ်က စစ်ကောင်စီ သတင်းပေးဆိုသူ သတ်ဖြတ်ခံရ အရာတော်နယ်က စစ်ကောင်စီ သတင်းပေးဆိုသူ သတ်ဖြတ်ခံရ Reviewed by THITHTOOLWIN on 23:25 Rating: 5

No comments:

Powered by Blogger.