မုံရွာမြို့မှာ 2D,3D ရောင်းသူ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပက်သက်မှုရှိသူ အမျိုးသမီးတစ်ဦးပစ်သတ်ခံရ



နိုဝင်ဘာ၁၂၊RNA

စစ်ကိုင်းတိုင်း၊မုံရွာမြို့ သလ္လာအမှတ်၉ရပ်ကွက် ကျန်စစ်သားလမ်း၊ရတနာစိန်ပန်းကျောင်းအနီးတွင် 2D,3Dရောင်းသူအမျိုးသမီးတစ်ဦးကို အမည်မသိလူတစ်စုက ဒီကနေ့မနက်၉နာရီဝန်းကျင်ခန့်က  သေနတ်ဖြင့်လေးချက်ပစ်ခတ်သွားတယ်လို့ အမည်မဖော်လိုသူတစ်ဦးက RNAကိုပြောပါတယ်။

RNAကစုံစမ်းသိရှိထားသည့်သတင်းအချက်အလက်အရ 2D,3Dရောင်းသူအမျိုးသမီးသည် မသဇင်ဆိုသူဖြစ်ပြီး ၎င်းသည်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့နှင့် ပက်သက်မှုရှိတယ်လို့လည်းသိရှိရပါတယ်။

မုံရွာမြို့ပေါ်ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့များကလည်း စစ်ကောင်စီကိုထောက်ပံ့ပေးနေသော 2D,3D,ဘောလုံးလောင်းကစား ရောင်းချသူတို့ကို သတိပေးချက်ထုတ်ပြန်ခဲ့ပေမယ့် အခုဖြစ်စဉ်နှင့်ပက်သက်ပြီး မည်သည့်အဖွဲ့အစည်းကပြုလုပ်တယ်ဆိုတာ RNAမှလတ်တလောမသိရှိရသေးပါ။

ဒါ့အပြင် ၎င်းနှင့်အခင်းဖြစ်ပွားရာနေရာကို အကြမ်းဖက်စစ်ကောင်စီတပ်သား အရပ်ဝတ်များလာရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်။ 

Regional News Agency -RNA

မုံရွာမြို့မှာ 2D,3D ရောင်းသူ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပက်သက်မှုရှိသူ အမျိုးသမီးတစ်ဦးပစ်သတ်ခံရ မုံရွာမြို့မှာ 2D,3D ရောင်းသူ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပက်သက်မှုရှိသူ အမျိုးသမီးတစ်ဦးပစ်သတ်ခံရ Reviewed by THITHTOOLWIN on 23:19 Rating: 5

No comments:

Powered by Blogger.