ကော့မှူးမြို့နယ် ကျိုက်ထော်ကားလမ်းပေါ်မှာ ရန်သူကင်းလှည့်ယာဉ်ငယ် ၂ စီး ပစ်ခတ်တိုက်ခိုက်ခံရ ရန်သူတပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိ

နိုဝင်ဘာ ၁၂
ကော့မှူးမြို့နယ်၊ မကျီးကန်ရွာနောက်ဘက်ရှိ ကျိုက်ထော် ကား လမ်းမပေါ် တွင် မင်းအောင်လှိုင်စစ်တပ် ကင်းလှည့်ယာဉ်ငယ် ၂ စီးအား ယနေ့ ညနေ ၅ နာရီကျော်ခန့်မှာ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ရဲ့ ပြည်သူ့တော်လှန်ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် ကားပေါ်ပါလာတဲ့ ရန်သူတပ်သား ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ ဆုတ်ခွါထွက်ပြေးသွားခဲ့ပါတယ်။

ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ဟာ “ပျံလွှားအောင်” စစ်ဆင်ရေးအမည်နဲ့ ရန်ကုန်တိုင်းအတွင်း အကြမ်းဖက် မင်းအောင်လှိုင်တပ်သားတွေကို ချေမှုန်းတိုက်ခိုက်လျက်ရှိပါတယ်။

ပြည်သူထောက်ခံမှုမရဘဲ စိတ်ဓာတ်ကျဆင်းနေတဲ့ အကြမ်းဖက် မင်းအောင်လှိုင်တပ်သားတွေဟာ ပြည်သူ့တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ချိန်တွေမှာ ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိဘဲ၊ အမြဲ ဆုတ်ခွါထွက်ပြေးနေရတာဖြစ်ပါတယ်။ 

မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကိုင်အချင်းချင်း တန်ပြန်ရင်ဆိုင်တိုက်ခိုက်ရန် စွမ်းရည် မရှိတာကြောင့် တိုက်ပွဲဖြစ်ပွါးပြီး နောက်ပိုင်းအချိန်များတွင်မှ အနီးအနားရှိ လက်နက်မဲ့ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတာကြောင့် ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့အနေနဲ့  အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ မလုပ်ဆောင်ဘဲ၊ လက်နက်ကိုင်အချင်းချင်းသာ  တန်ပြန်တိုက်ခိုက်ရန် သတိပေးထားခဲ့ပြီးဖြစ်ပါတယ်။

ယခုတိုက်ခိုက်မှု ဖြစ်စဉ်အပြီးမှာလည်း မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်တပ်အနေနဲ့ အနီးအနားရှိ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးနှိပ်စက် ရမ်းကားမှုများ လုပ်ဆောင်လာနိုင်တာကြောင့် ပြည်သူများ သတိနဲ့ နေထိုင်သွားလာကြပါရန် မေတ္တာရပ်ခံ သတိပေးအပ်ပါတယ်။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့
••••••••••••••••••••••••
Two Enemy Patrol Vehicles were assaulted in Kyite Htaw Road, Kawt Muu Township.
====================
Two Enemy Soldiers were severely injured.
November 12th 
People Defense Force (PDF) under the command of Military Command & Control Unit of Yangon Division attacked the two enemy patrol vehicles under Junta Min Aung Hlaing's Forces around 5 pm today in Kyite Htaw road, west side of Ma Kyi Kan Village, Kawt Muu Township.
Two enemy soldiers on the patrol vehicles were severely injured due to the assault and ran away without shooting back.
 Military Command & Control Unit of Yangon Division conducting the resistance movement "Pyan Hlwar Aung Operation" to defeat the terrorist soldiers of Junta Min Aung Hlaing's Forces.
Depressed Soldiers of Junta Min Aung Hlaing's Forces did not try to fight back but always retreat and run from battle since they do not have support from people.
 Military Command & Control Unit of Yangon Division have warned Junta Min Aung Hlaing's forces to stop arresting and torturing the innocent civilians after no will of fighting spirit to fight bravely against People Defense Force (PDF) during the battle.
Please be warned that terrorist soldiers of Junta Min Aung Hlaing's forces may arrest and torture innocent civilians nearby to take out their frustrations after today battle. Thus, Yangon Military Command & Control Unit of Yangon Division again would like to request to people nearby to live with more caution.

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့


ကော့မှူးမြို့နယ် ကျိုက်ထော်ကားလမ်းပေါ်မှာ ရန်သူကင်းလှည့်ယာဉ်ငယ် ၂ စီး ပစ်ခတ်တိုက်ခိုက်ခံရ ရန်သူတပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိ ကော့မှူးမြို့နယ် ကျိုက်ထော်ကားလမ်းပေါ်မှာ ရန်သူကင်းလှည့်ယာဉ်ငယ် ၂ စီး ပစ်ခတ်တိုက်ခိုက်ခံရ ရန်သူတပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိ Reviewed by THITHTOOLWIN on 23:58 Rating: 5

No comments:

Powered by Blogger.