ရန်ကုန်- ပုသိမ်လမ်းမကြီးဘေးရှိ ဝါဝါဝင်းစီမံခန့်ခွဲရေးရုံးတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ် ဗုံးသီးဖြင့် ပစ်ခတ်ခံရ


ရန်ကုန် - ပုသိမ်လမ်းမကြီးဘေးရှိ ဝါဝါဝင်းစီမံခန့်ခွဲရေးရုံးတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်ကို လှိုင်သာယာ မြို့ပြပြောက်ကျားတပ်ဖွဲ့ - CGF က ဒုတိယမြောက် တိုက်ခိုက်မှုအဖြစ် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ဗုံးသီးဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါနေရာအား  အောက်တိုဘာလ (၂၂) ရက်နေ့က အဝေးထိန်းဗုံးများဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့စဉ်က အမှိုက်ကောက်သမားကြောင့် တိုက်ခိုက်မှုပျက်သွားခဲ့ကြောင်း သိရသည်။

CGF သည် အာဏာသိမ်းအဖွဲ့၏ စစ်တပ်များ တပ်စွဲရာနေရာများနှင့် ရဲစခန်းများကို တိုက်ခိုက်မှုများ ပြုလုပ်နေပြီး အများပြည်သူအနေဖြင့် ဘေးကင်းစေရေးအတွက် အဆိုပါနေရာများအနီးဝန်းကျင်၌ နေထိုင်ခြင်းမပြုကြရန်နှင့် တိုက်ခိုက်ရေးပြုလုပ်သည့် ပြည်သူ့တော်လှန်ရေးအဖွဲ့ဝင်များအား အတားအဆီးမဖြစ်စေရေးအတွက် မေတ္တာရပ်ခံထားသည်ကိုလည်း တွေ့ရသည်။


Tachileik News Agency 

ရန်ကုန်- ပုသိမ်လမ်းမကြီးဘေးရှိ ဝါဝါဝင်းစီမံခန့်ခွဲရေးရုံးတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ် ဗုံးသီးဖြင့် ပစ်ခတ်ခံရ ရန်ကုန်- ပုသိမ်လမ်းမကြီးဘေးရှိ ဝါဝါဝင်းစီမံခန့်ခွဲရေးရုံးတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ် ဗုံးသီးဖြင့် ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 21:10 Rating: 5

No comments:

Powered by Blogger.