ရေစကြိုမြို့နယ်က ရဲကင်းစခန်းကို PDF များဝင်တိုက်ခိုက်လို့ ရဲ ၄ဦး သေဆုံး

တိုက်ပွဲဖြစ်ပွားနေရာကို ရဟတ်ယာဉ်ပျံဝဲ စစ်ကူစေလွှတ်

ရေစကြို၊ နိုဝင်ဘာ ၁၈၊ ၂၀၂၁။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက မအူအောက်ဆိပ်ရွာ ရဲကင်းစခန်းကို  ဒီနေ့နေ့လယ် ၁နာရီဝန်းကျင်မှာ ဒေသခံ PDF တွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲ ၄ဦး သေနတ်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

PDF တွေဝင်တိုက်ချိန်မှာ အပြန်အလှန်ပစ်ခတ်တာတွေဖြစ်ခဲ့ပြီး နာရီဝက်အကြာမှာ စစ်အုပ်က ကင်းစခန်းကိုထားခဲ့လို့ ဒေသခံ PDF တွေက စခန်းကို မီးရှို့ခဲ့ကြတယ်လို့ ပြောပါတယ်။

"၂ နာရီသာသာလောက်ကြတော့ စစ်ရဟက်ယဉ်တစ်စီး ရွာကိုလာဝဲတော့တာပါဘဲ၊ ရွာကလူတွေလည်း ဟိုပြေးဒီပြေးပုန်းကြရတဲ့အခြေအနေဖြစ်သွားပါတယ်၊ ရဲစခန်းက ရဲတွေလည်းအကုန်ထွက်ပြေးရပါတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ရေစကြိုမြို့နယ်ထဲက မအူအောက်ဆိပ်ရွာထိပ်မှာရှိတဲ့ ရဲကင်းစခန်းကို ဒေသခံ PDFတွေ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ ရဲ ၄ဦးသေဆုံးခဲ့တာကြောင့် ပခုက္ကူဘက်က စစ်သားတွေ အဲ့ဒီရွာကိုလာနေကြပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြေလတ်အသံ - Myaelatt Athan 

ရေစကြိုမြို့နယ်က ရဲကင်းစခန်းကို PDF များဝင်တိုက်ခိုက်လို့ ရဲ ၄ဦး သေဆုံး ရေစကြိုမြို့နယ်က ရဲကင်းစခန်းကို PDF များဝင်တိုက်ခိုက်လို့ ရဲ ၄ဦး သေဆုံး Reviewed by THITHTOOLWIN on 17:12 Rating: 5

No comments:

Powered by Blogger.