ရေစကြို ပြောက်ကျားတပ် ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးနဲ့ ရဲဘော် ၃ဦးကျဆုံးတယ်လို့ ထုတ်ပြန်


ရေစကြို-  နိုဝင်ဘာ ၂၄

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တဲ့ မစ်ရှင်တစ်ခုမှာ ရေစကြို ပြောက်ကျားတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးနဲ့ ရဲဘော် ၃ဦး ကျဆုံးသွားတယ်လို့ N-YSO ပြောက်ကျားတပ်က ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၈ရက်က ရေစကြိုနယ် မြောက်လက် မအူရဲစခန်းကို တစ်နာရီကျော်ကြာ တိုက်ခိုက်သိမ်းယူမှုမှာ မဟာမိတ်တပ်တွေနဲ့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြောက်ကျားတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။

မစ်ရှင်တစ်ခုမှာ ကျဆုံးသွားတယ်လို့သာ ဖော်ပြပြီး ဘယ်လိုကျဆုံးသွားတယ်၊ ဘယ်တိုက်ခိုက်မှုမှာကျဆုံးတယ်၊ ရဲဘော် ဘယ်သူတွေဖြစ်တယ်ဆိုတာတော့ အသေးစိတ် မဖော်ပြထားသေးပါဘူး။

N-YSO ပြောက်ကျားတပ်ဖွဲ့ ရဲဘော်တွေ ကျဆုံးမှုအတွက် အထူးဝမ်းနည်းကြေကွဲရကြောင်းနဲ့ တိုင်းပြည်အတွက် တာဝန်ကျေစွာထမ်းဆောင်ခဲ့ပြီး ကျန်ရှိနေတဲ့ တာဝန်တွေကို အရေးတော်ပုံအောင်သည်အထိ တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်းလည်း ဖော်ပြထားပါတယ်။


Yesagyo Township Info Committee

ရေစကြို ပြောက်ကျားတပ် ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးနဲ့ ရဲဘော် ၃ဦးကျဆုံးတယ်လို့ ထုတ်ပြန် ရေစကြို ပြောက်ကျားတပ် ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးနဲ့ ရဲဘော် ၃ဦးကျဆုံးတယ်လို့ ထုတ်ပြန် Reviewed by THITHTOOLWIN on 01:12 Rating: 5

No comments:

Powered by Blogger.