စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးအပါအဝင် ပျူ​စောထီးသုံးဦးကို​​သေနတ်ဖြင့်ပစ်သတ်ဟု မုံရွာ​စေတန်သတင်းထုတ်ပြန်


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးအပါအဝင် ပျူစောထီးအဖွဲ့ဝင်သုံးဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း Monywa Satan က သတင်းထုတ်ပြန်သည်။ 

ယနေ့ ( နိုဝင်ဘာ ၂၄ရက်နေ့)တွင်မုံရွာမြို့နယ်၊ မုဆယ်ကြီးတောကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး မြင့်ဆောင်မှာ GTC ရှိ စစ်သားများအား စားသောက်စရာများပေးပို့၍အိမ်တွင်ညအိပ်လက်ခံသည့်အပြင် မုံရွာတောင်သပိတ်စစ်ကြောင်းထွက်ချိန်များကိုလည်း စုံစမ်း၍စစ်တပ်အားသတင်းပေးကြောင်းသိရှိရသည့်အတွက် ကျည်တစ်တောင့်ဖြင့်ပစ်ခတ်သုတ်သင်ခဲ့သည်ဟု Monywa Satan က အသိပေးသည်။

ထို့ပြင် ဆည်ကြီးတောကျေးရွာမှ ပျူစောထီးသင်တန်းတက်ခဲ့သည့် အုပ်ချုပ်ရေးအဖွဲ့ဝင် စစ်ကောင်စီသတင်းပေးလင်မယားဖြစ်ကြသော အောင်မွန် နှင့် အောင်မေဝင်းတို့ကိုလည်း ကျည်ဆံငါးတောင့်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Monywa Satan က အသိပေးသည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီသတင်းပေးပျူစောထီးလင်မယားတို့အား ထောက်ပံ့ပေးနေသော စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သော စစ်ကောင်စီသတင်းပေနေဝင်းမြတ်အား ရင်ဘတ်သို့ကျည်တစ်ချက်၊ ခေါင်းသို့ကျည်ငါးချက်ပစ်ခတ်ကာရှင်းလင်းခဲ့ကြောင်း Monywa Satan က ထပ်မံအသိပေးသည်။ 

ယနေ့နံနက်ခင်းပိုင်းကလည်း မုံရွာမြို့ရှိ အမှတ် (၁) အထပ်သားစက်ရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး CDMဝန်ထမ်းများကိုဖိအားပေးနေသော မန်နေဂျာအမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရရှိသွားကြောင်း MONYWA YOUNG PEOPLE GROUP(MYPG)က အသိပေးထားသည်။


People's Spring 

စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးအပါအဝင် ပျူ​စောထီးသုံးဦးကို​​သေနတ်ဖြင့်ပစ်သတ်ဟု မုံရွာ​စေတန်သတင်းထုတ်ပြန် စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးအပါအဝင် ပျူ​စောထီးသုံးဦးကို​​သေနတ်ဖြင့်ပစ်သတ်ဟု မုံရွာ​စေတန်သတင်းထုတ်ပြန် Reviewed by THITHTOOLWIN on 01:07 Rating: 5

No comments:

Powered by Blogger.