စကစ လက်အောက်ခံ တပ်မိသားစုဝင်််များကို သတိပေးသည့်အနေဖြင့် တပ်လိုင်းခန်းအချို့ကို ဖောက်ခွဲမှုပြုလုပ်

ဓာတ်ပုံ- မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ရန်ကုန်ရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တပ်မိသားစုဝင်များ အနေဖြင့် ၎င်းတို့ အသက်အန္တရာယ် လက်တကမ်းတွင်သာ ရှိသည့်အကြောင်း အသိပေးသည့်အနေဖြင့် တပ်လိုင်းခန်းအနီးဝန်းကျင်နေရာများတွင် ထိခိုက်မှုမရှိသည့် ခြောက်လှန့်ဖောက်ခွဲမှုအချို့  ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖောက်ခွဲမှုများကို ရန်ကုန်အခြေစိုက်တော်လှန်ရေး မဟာမိတ်အဖွဲ့များဖြစ်သည့် ACPLF ၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ပျောက်ကြားတပ်ဖွဲ့တို့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖြစ်သည့် MGDN PDF က  ယနေ့နံနက် အစောပိုင်းတွင် နိုင်ငံရေးမှတ်တိုင်အနီးရှိ လိုင်းခန်း၊ အမှတ် ၈၂ တပ်လိုင်းခန်းနှင့် တပ်ရင်း ၉ ရှိ တပ်လိုင်းခန်းများ အနီးပတ်ဝန်းကျင်တို့တွင် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် နေ့လည်ပိုင်းတွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ ရဲထောက်ပို့လိုင်းခန်း၊ တောင်၊ မြောက်လမ်းဆုံ ရဲစခန်းလိုင်းခန်းနှင့် ဧရာဝဏ် ရဲစခန်းလိုင်းခန်းများ အနီးဝန်းကျင်တို့တွင်လည်း ဖောက်ခွဲမှုများ ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

"သူတို့အသိဝင်အောင် သတိပေးတာ။ သူတို့နောက်ကွယ်မှာ စောင့်ကြည့်သူတွေ အနီးကပ် ရှိနေတယ်ဆိုတာ သိရအောင်"ဟု ပြည်သူ့တော်လှန်ရေး အဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်တပ်နယ်မြေတစ်ခုဖြစ်သည့် မင်္ဂလာဒုံမြို့နယ်အတွင်းတွင် ယခုရက်ပိုင်းအတွင်း ဖောက်ခွဲမှု၊ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသလို စစ်ကောင်စီလက်ပါးစေ သတင်းပေးများကိုလည်း ပစ်ခတ်ခြင်း၊ သတိပေးခြင်းများလည်း ရှိသည်။


Lu Nge Khit

စကစ လက်အောက်ခံ တပ်မိသားစုဝင်််များကို သတိပေးသည့်အနေဖြင့် တပ်လိုင်းခန်းအချို့ကို ဖောက်ခွဲမှုပြုလုပ် စကစ လက်အောက်ခံ တပ်မိသားစုဝင်််များကို သတိပေးသည့်အနေဖြင့် တပ်လိုင်းခန်းအချို့ကို ဖောက်ခွဲမှုပြုလုပ် Reviewed by THITHTOOLWIN on 01:16 Rating: 5

No comments:

Powered by Blogger.