စစ်ကောင်စီကို ထောက်ပံ့ကြေးပေးနေတဲ့ ရေနံဆီကား မိုင်းဆွဲတိုက်ခိုက်ခံရ


မြိုင်၊ နိုဝင်ဘာ ၁၂၊ ၂၀၂၁။

မကွေးတိုင်း၊ မြိုင်-ဆားလင်းကြီးနယ်စပ်မှာ စစ်ကောင်စီတပ်ကို ထောက်ပံ့ကြေးပေးနေတဲ့ ရေနံဆီကားတစီးကို နို၀င်ဘာ ၁၂ ရက် ဒီကနေ့မနက် ၁၀ နာရီခွဲလောက်က မိုင်းခွဲတိုက်ခိုက်ပြီး သတိပေးခဲ့တယ်လို့  မြိုင် PDF ဆီက သိရပါတယ်။ 

"ဆီသယ်ကားကတော့ မီးလောင်သွားတယ်၊ ကားသမားကတော့ ဆင်းပြေးလို့ ဘာမှဖြစ်မသွားဘူး။" လို့ မြိုင် PDF နဲ့နီးစပ်သူတဦးက ပြောပါတယ်။ 

ဒီ‌ဖောက်ခွဲမှုကို မြိုင် PDF ကလုပ်ဆောင်တာဖြစ်ပြီး၊ ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း အဲ့ဒိနေရာကို စစ်ကောင်စီတပ်တွေလာရောက်စစ်ဆေးတာတွေရှိတယ်လို့လည်း သိရပါတယ်။ 

ဒီတကြိမ် သတိပေးဖောက်ခွဲမှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက် မနက် ၁၁ နာရီခွဲလောက်ကလည်း စစ်ကောင်စီကို ထောက်ပံ့‌ကြေးပေးနေတဲ့  ရေနံဆီကားတစီးကို မြိုင်-ဆားလင်းကြီးနယ်စပ်မှာပဲ မြိုင် PDF က မိုင်းဆွဲတိုက်ခိုက်ပြီး သတိပေးခဲ့ပါတယ်။ 


မြေလတ်အသံ - Myaelatt Athan


စစ်ကောင်စီကို ထောက်ပံ့ကြေးပေးနေတဲ့ ရေနံဆီကား မိုင်းဆွဲတိုက်ခိုက်ခံရ စစ်ကောင်စီကို ထောက်ပံ့ကြေးပေးနေတဲ့ ရေနံဆီကား မိုင်းဆွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 20:01 Rating: 5

No comments:

Powered by Blogger.