နတ်တလင်းမြို့တွင် ရာအိမ်မှူးတဦး၊ဒလန်တဦးနဲ့ ပျူစောထီးတဦး သတ်ခံရပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရ



နတ်တလင်း၊ နိုဝင်ဘာ ၁၂၊၂၀၂၁။

ပဲခူးတိုင်းအနောက်ခြမ်း ၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ဆီဆုံကုန်းအုပ်စုမှာယမန်နေ့ညနေက ရာအိမ်မှူးတဦး၊ဒလန်တဦးနဲ့ပျူစောထီးတဦးကိုသုတ်သင်ခဲ့နိုင်ခဲ့ပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Phoenix DFက နိုဝင်ဘာ၁၁ ရက်နေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ဆီဆုံကုန်းအုပ်စုစမ်းကြီးရွာက ရာအိမ်မှူးဦးဆန်းဝင်း၊ ရေကြည်ရွာက ဒလန်ဟုနာမည်ထွက်နေသူ ကိုသောင်း နဲ့ ဇော်လေးတို့ သုတ်သင်ခံရတာဖြစ်ပြီး ကိုမင်းနဲ့ ကိုမျိုးတို့ကတော့ပြင်းထန်ဒဏ်ရရှိခဲ့ရာ သေဆုံးမူရှိမရှိကိုအတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ထားပါတယ်။

အဲဒိီကြေငြာချက်ထဲမှာပဲ ကျန်ရှိနေသောလက်ပါးစေဒလန်သတင်းပေးများပျူစောထီးအဖွဲ့ဝင်များနဲ့စကစအုပ်ချုပ်ရေးအဖွဲ့ဝင်များအားလုံးအားအချိန်မီရပ်တန့်ရန် နုတ်ထွက်ရန်ကျွန်ပ်တို့ Phoenix DF အဖွဲ့ကထပ်မံ၍ ပြင်းထန်စွာသတိပေးလိုက်သည်ဟု ဖော်ပြထားသည်။

မြေလတ်အသံ - Myaelatt Athan 

နတ်တလင်းမြို့တွင် ရာအိမ်မှူးတဦး၊ဒလန်တဦးနဲ့ ပျူစောထီးတဦး သတ်ခံရပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရ နတ်တလင်းမြို့တွင် ရာအိမ်မှူးတဦး၊ဒလန်တဦးနဲ့ ပျူစောထီးတဦး သတ်ခံရပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရ Reviewed by THITHTOOLWIN on 19:59 Rating: 5

No comments:

Powered by Blogger.