မိတ္ထီလာ၌ အမျိုးသားနှစ်ယောက်တွဲ စီးသော ဆိုင်ကယ်များကို စကစ သေနတ်ဖြင့် လိုက်လံပစ်ခတ်နေ

ပြီးခဲ့သည့် ရက်ပိုင်းက မတ္ထီလာမြို့ပေါ်၌ ဆိုင်ကယ်စီးသူများကို စစ်ဆေးနေသော စစ်ကောင်စီ လက်နက်ကိုင်များ/ Photo – မိတ္ထီလာသတင်းစုံ

MFP ၊ နိုဝင်ဘာ - ၂၁

အာဏာသိမ်း စစ်ကောင်စီသည် မိတ္ထီလာမြို့ပေါ်၌ အမျိုးသား နှစ်ယောက်တွဲ ဆိုင်ကယ်မစီးရန် စာထုတ် ကန့်သတ်ထားပြီး မလိုက်နာသူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်နေကြောင်း ဒေသခံများက MFP သို့ ပြောသည်။

"ရဲလည်းမပါဘူး။ ထွေအုပ်လည်း မပါဘူး ။စစ်တပ်က သူတို့ဘာသာ ပတ်ကင်းနဲ့ လိုက်ဖမ်းတဲ့ သဘောပဲ”ဟု မိတ္ထီလာမြိုကခံတစ်ဦးက MFP သို့ ပြောသည်။

ယနေ့ နိုဝင်ဘာ(၂၁)ရက် မနက်ပိုင်းတွင် မိတ္ထီလာမြို့တွင်း လှည့်ပတ်နေသော စစ်ကောင်စီ လက်နက်ကိုင်များသည် မိတ္ထီလာမြို့ ဒိုဘီကုန်းလမ်းဆုံ၌ အမျိုးသားနှစ်ယောက်တွဲ စီးလာသော ဆိုင်ကယ်များကို နောက်ကျောဘက်မှနေ၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ  ထိမှန်အောင် ပစ်ခတ်နိုင်ခြင်း မရှိသဖြင့် ဒေသခံအချို့ အသက်ချမ်းသာရာ ရခဲ့သော်လည်း ဖမ်းဆီးခံရသူများ ရှိသည်ဟု မြို့ခံများက ဆိုသည်။

“ဒီနေ့ အဲဒီ ဒိုဘီကုန်း လမ်းဆုံမှာပဲ နှစ်စီးပေါ့။ တစ်စီးက ထွက်ပြေးလို့ နောက်ကနေ ပစ်လိုက်တယ်။ သူတို့ ပစ်လိုက်တာ မထိဘူး။ ရုပ်ရှင်ထဲက အတိုင်းပဲ။ ဆိုင်ကယ်ကလည်း အမြန် မောင်းပြေးသွားတယ်။ ဒုတိယ တစ်စီးကတော့ မိသွားတယ်"ဟု မိတ္ထီလာမြို့ခံ တစ်ဦးက ဆိုင=သည်။

ယမန်နေ့ နိုဝင်ဘာ(၂၀)ရက် မနက်ပိုင်းကလည်း မိတ္ထီလာမြို့ လက်ပြဘုရားအနီး ဆိုင်ကယ်နှစ်ယောက်တွဲ စီးသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီ လက်နက်ကိုင်များက သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့သေးသည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့များက ဆိုင်ကယ်နှစ်ယောက်တွဲစီးကာ ၄င်းတို့ကို တိုက်ခိုက်သည် ဟူသော အကြောင်းပြချက်ဖြင့် စစ်ကောင်စီက မန္တလေးတိုင်း မြို့နယ်များ၌ ဆိုင်ကယ်တစ်စီးလျှင် အမျိုးသား နှစ်ယောက်တွဲ မစီးရန် ကန့်သတ်နေခြင်း ဖြစ်သည်။

Mandalay Free Press - MFP


မိတ္ထီလာ၌ အမျိုးသားနှစ်ယောက်တွဲ စီးသော ဆိုင်ကယ်များကို စကစ သေနတ်ဖြင့် လိုက်လံပစ်ခတ်နေ မိတ္ထီလာ၌ အမျိုးသားနှစ်ယောက်တွဲ စီးသော ဆိုင်ကယ်များကို စကစ သေနတ်ဖြင့် လိုက်လံပစ်ခတ်နေ Reviewed by THITHTOOLWIN on 01:33 Rating: 5

No comments:

Powered by Blogger.