မိတ္ထီလာ မြန်မာ့စီးပွားဘဏ်တွင် ပင်စင်လစာ ထုတ်ရန် အငြိမ်းစား နိုင်ငံဝန်ထမ်းများ ညအိပ် စောင့်ဆိုင်းနေ

မိတ္ထီလာမြို့ မြန်မာ့စီးပွားရေးဘဏ်အနီးတွင် ပင်စင်လစာ ထုတ်ယူရန် ညအိပ်စောင့်ဆိုင်းနေသော အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ/ Photo - ပေးပို့

ယခင်က ကိုယ်စား ထုတ်ခွင့်ရသော်လည်း စကစက လူကိုင်တိုင် လာထုတ်ရန် ကန့်သတ်၊

MFP ၊ နိုဝင်ဘာ - ၂၁

မန္တလေးတိုင်း မိတ္ထီလာမြို့ မြန်မာ့စီးပွားဘဏ်အနီးတွင် မနက်ဖန် နိုဝင်ဘာ(၂၂)ရက်တွင် ပင်စင်လစာများ ထုတ်ယူနိုင်ရန်အတွက် သက်ကြီးရွယ်အို အငြိမ်းစား နိုင်ငံ့ဝန်ထမ်းအချို့ ညအိပ်စောင့်ဆိုင်းလျှက် ရှိသည်။

ယခင်က အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများကို မိသားစုဝင်က ကိုယ်စားထုတ်ခွင့် ရသော်လည်း အာဏာသိမ်း စစ်ကောင်စီက ထိုသို့ ခွင့်မပြုတော့ဘဲ ပင်စင်စားများကို ဘဏ်သို့ လူကိုယ်တိုင် လာရောက်ထုတ်ယူရန် ပြောင်းလဲ သတ်မှတ်ခဲ့သည်။

"မနက်ကျ ပင်စင်ထုတ်ရင် ရှေ့က စောစောရတော့ မြန်မြန်ထုတ်လို့ရအောင် တန်းစီ ညအိပ်တာနဲ့ တူတယ်။ အရင်ကတော့ ဒါမျိုး မရှိဘူး”ဟု မိတ္ထီလာမြို့ခံ တစ်ဦးက MFP သို့ ပြောသည်။

Mandalay Free Press - MFP


မိတ္ထီလာ မြန်မာ့စီးပွားဘဏ်တွင် ပင်စင်လစာ ထုတ်ရန် အငြိမ်းစား နိုင်ငံဝန်ထမ်းများ ညအိပ် စောင့်ဆိုင်းနေ မိတ္ထီလာ မြန်မာ့စီးပွားဘဏ်တွင် ပင်စင်လစာ ထုတ်ရန် အငြိမ်းစား နိုင်ငံဝန်ထမ်းများ ညအိပ် စောင့်ဆိုင်းနေ Reviewed by THITHTOOLWIN on 01:29 Rating: 5

No comments:

Powered by Blogger.