မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်စံပြကျေးရွာ ရာအိမ်မှူး ပေါင်မုန့် ​သေနတ်ဖြင့်ပစ်ခံရ


မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်စံပြကျေးရွာမှ ရာအိမ်မှူး ပေါင်မုန့်မှာ ယနေ့(နိုဝင်ဘာ၂၁)နေ့လည်က သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံများက ​ပြောသည်။

ရာအိမ်မှူးပေါင်မုန့်မှာ အကြမ်းဖက်စစ်ကောင်စီသတင်း ပေးဒလန်ဟု နာမည်ကြီးနေသူတစ်ဦးဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်ပြည်သူ့တော်လှန်ရေးအဖွဲ့များ၏ အကြိမ်ကြိမ်သတိပေးခံထားရသူလည်း ဖြစ်သည်။

"ဝမ်းဗိုက်တစ်ချက်၊လက်မောင်းတစ်ချက်၊ပေါင်တစ်ချက် စုစုပေါင်းသုံးချက်ပစ်ခံရတယ်လို့ ပြောတယ်။သေ၊မသေတော့ မသိရသေးဘူး"ဟု ဒေသခံတစ်ဦးက ပြော သည်။

သေနတ်ဖြင့်ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်များရောက်လာပြီး စစ်ဆေးရုံသို့သယ်သွားကြောင်း သိရသည်။

ယခုဖြစ်စဥ်မတိုင်မီက ကုန်းတဘောင်စံပြကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဝေလင်းအောင်မှာ အောက်တိုဘာ ၂၆ ရက်က သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းက မင်္ဂလာဒုံမြို့နယ်မြသီတာရပ်ကွက် ရာအိမ်မှူး ဒေါ်ပူစူးမမှာသေနတ်ဖြင့် ငါးချက်ပစ်ခတ်ခံခဲ့ရသည်။

People's Spring  / ဓာတ်ပုံ - MGN

မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်စံပြကျေးရွာ ရာအိမ်မှူး ပေါင်မုန့် ​သေနတ်ဖြင့်ပစ်ခံရ မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်စံပြကျေးရွာ ရာအိမ်မှူး ပေါင်မုန့် ​သေနတ်ဖြင့်ပစ်ခံရ Reviewed by THITHTOOLWIN on 01:45 Rating: 5

No comments:

Powered by Blogger.