ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယင်းမာပင်ခရိုင်အတွင်း သစ်ခိုးထုတ်သည့်ကိစ္စများကိုထိထိရောက်အရောက်အရေးယူထားပြီးဖြစ်ကြောင်းပြည်သူသို့တင်ပြ



ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ရာသီဥတုပူနွေးလာမှုကို လျော့ချနိုင်ရေး လေထုညစ်ညမ်းမှုကိုကာကွယ်စောင့်ရှောက်ပြီး လူသားတို့အတွက်လိုအပ်သောအောက်ဆီဂျင်များထုတ်ပေးရာတွင် သစ်ပင်များ၏အခန်းကဏ္ဍမှာ အလွန်အရေးပါလှသည်။

သို့သော်လည်းပညာမဲ့ပြီး မိမိတို့၏လောဘ အတ္တကိုအခြေခံ၍ သက်တမ်းရင့်လှသည့် သစ်ပင်ကြီးများကို ခုတ်လှဲကာ ကိုယ်ကျိုးစီးပွားရှာနေကြသည့် သစ်ခိုးသမားများကို အရေးယူနိုင်ရေး အတွက် ကြေညာချက်ထုတ်ပြန်ကာတားဆီးခဲ့သည်။ 

ထိုသို့ထုတ်ပြန်ပြီးနောက် ဥပဒေမဲ့သစ်ခိုးယူထုတ်လုပ်နေသူများ၏ ကား၇စီး သစ်တန်ချိန် ၂၅တန်ခန့်ကို ဖမ်းဆီးအရေးယူသိမ်းဆည်းထားပြီးဖြစ်ကြောင်း ပြည်သူများသိရှိစေရန် ဟူ၍ ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အစီရင်ခံတင်ပြထားသည်။


Zayartime Media-ဇေယျာတိုင်း မီဒီယာ




ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယင်းမာပင်ခရိုင်အတွင်း သစ်ခိုးထုတ်သည့်ကိစ္စများကိုထိထိရောက်အရောက်အရေးယူထားပြီးဖြစ်ကြောင်းပြည်သူသို့တင်ပြ ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယင်းမာပင်ခရိုင်အတွင်း သစ်ခိုးထုတ်သည့်ကိစ္စများကိုထိထိရောက်အရောက်အရေးယူထားပြီးဖြစ်ကြောင်းပြည်သူသို့တင်ပြ Reviewed by THITHTOOLWIN on 18:59 Rating: 5

No comments:

Powered by Blogger.