နောင်ကြီးအိုင်ရဲစခန်းအဝင်တွင် စစ်ကောင်စီတပ်ဖွဲ့ကို အရာတော်မြို့နယ်တော်လှန်ရေးအင်အားစုက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ဦးခန့်သေဆုံးနိုင်


နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် နောင်ကြီးအိုင်ရဲစခန်းအဝင်မှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ယနေ့​နေ့လည် ၁နာရီ အချိန်မှာ အရာတော်မြို့နယ်တော်လှန်ရေးအင်အားစုက မိုင်းဆွဲတိုက်ခိုက်မှုရှိခဲ့တယ်လို့သိရပါသည် ။

အရာတော် မြောက်ပိုင်းနယ်၊ အိုင်လျားရွာနှင့် နောင်ကြီးအိုင်‌ရွာမြောက်ပိုင်းမှ ဒေသခံပြည်သူ့နေအိမ်များကို ဝင်ရောက်မွှေနှောက်ပြီးပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ နောင်ကြီးအိုင်စခန်းသို့ ပြန်အဝင်မှာ မိုင်းဆွဲခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ် ။

နောင်ကြီးအိုင် ရဲစခန်းအဝင်မှာ အရာတော်မြို့နယ်တော်လှန်ရေးအင်အားစုမှ ဗိုလ်နှင်းမောင်တပ်ဖွဲ့ကအသင့်စောင့်ပြီး တိုက်ခိုက်ရာ ၇ယောက်ခန့် အပြင်းထန်ဒဏ်ရာရရှိသွားပြီး သေဆုံးမှုကိုသေဆုံးသူများလည်းရှိနိုင်တယ် ဟုအရာတော်မြို့နယ် တော်လှန်ရေးအင်အားစုကထုတ်ပြန်သည်။

ယခုလို ရဲစခန်းရှေ့ထိ တိုက်ခိုက်ခြင်းခံရပြီးနောက် နောင်ကြီးအိုင်လမ်းမပေါ်တွင် အစစ်အဆေးကြမ်းနေသည်ဟုလည်း သိရပါတယ်။


Zayartime Media-ဇေယျာတိုင်း မီဒီယာ

နောင်ကြီးအိုင်ရဲစခန်းအဝင်တွင် စစ်ကောင်စီတပ်ဖွဲ့ကို အရာတော်မြို့နယ်တော်လှန်ရေးအင်အားစုက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ဦးခန့်သေဆုံးနိုင် နောင်ကြီးအိုင်ရဲစခန်းအဝင်တွင် စစ်ကောင်စီတပ်ဖွဲ့ကို အရာတော်မြို့နယ်တော်လှန်ရေးအင်အားစုက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ဦးခန့်သေဆုံးနိုင် Reviewed by THITHTOOLWIN on 18:56 Rating: 5

No comments:

Powered by Blogger.