စစ်ကောင်စီတပ်ပိုင် ထုတ်ကုန်များ ​ရောင်းဝယ်ခြင်း မပြုလုပ်ရန် SPDF ထုတ်ပြန်

Photo: Credit ပေးပါသည်။

11 November 2021-Kachinwaves 

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ပိုင် ထုတ်ကုန်များကို နိုဝင်ဘာလ ၃၀ရက်နေ့နောက်ဆုံးထားပြီး ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန်၊ လိုက်နာဆောင်ရွက်မှုမရှိပါက ဆိုင်သိမ်းခံရသည်အထိ ကြီးလေးသောပြစ်ဒဏ်များပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ် (SPDF)မှ သတိပေးထုတ်ပြန်လိုက်သည်။

စစ်ကောင်စီတပ်ပိုင် ထုတ်ကုန်များဖြစ်သည့် မြန်မာဘီယာ၊ Adman Gold ဘီယာ၊ ဒဂုံဘီယာ စသည့် ဘီယာများ၊ Ruby စီးကရက် ဆေးလိပ်၊ Denko ဆီဆိုင်နှင့် BOC ဆီဆိုင်များကို ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန် ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကိုအကြမ်းဖက် စီးပွားရေးလုပ်ငန်းများအဖြစ် အမည်ပျက်စာရင်းသွင်းကြောင်းနှင့် ၎င်းတို့နှင့် ဆက်စပ်သည့် ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်း များ ပြုလုပ်လျှင် စစ်ရာဇဝတ်မှုကျူးလွန်ရန် ထောက်ခံအားပေးသည့် လုပ်ရပ်များအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ က ထုတ်ပြန်ထားသည်။


Kachinwaves 

စစ်ကောင်စီတပ်ပိုင် ထုတ်ကုန်များ ​ရောင်းဝယ်ခြင်း မပြုလုပ်ရန် SPDF ထုတ်ပြန် စစ်ကောင်စီတပ်ပိုင် ထုတ်ကုန်များ ​ရောင်းဝယ်ခြင်း မပြုလုပ်ရန် SPDF ထုတ်ပြန် Reviewed by THITHTOOLWIN on 19:51 Rating: 5

No comments:

Powered by Blogger.