မြို့ပေါ်ဈေးတက်ဝယ်မည့် အမျိုးသားနှင့် အမျိုးသမီး လမ်းမှာလုယက်ခံရ၊ လုယက်ယုံသာမက ဓားနှင့်ပါခုတ်၍ ပစ္စည်းများယူဆောင်သွား


နိုဝင်ဘာ၂၅၊RNA

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့ မြို့ရှောင်လမ်း တောင်ပလူကျေးရွာအနီးမှာ ဒီကနေ့နေ့လည်၁နာရီဝန်းကျင်ခန့်က မုံရွာမြို့ပေါ်ဈေးတက်ဝယ်မည့် အမျိုးသားနှင့်အမျိုးသမီး နှစ်ဦး လုယက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။

တောင်ပုလူကျေးရွာကနေ အဲ့ဒီအမျိုးသားနှင့်အမျိုးသမီးနှစ်ဦးသည် မုံရွာမြို့ကိုဈေးတက်ဝယ်ဖို့ ဆိုင်ကယ်မောင်းနှင်လာချိန် သူတို့နောက်ကနေ အမျိုးသားနှစ်ဦးကပ်လိုက်လာ၍ ပိုက်ဆံလည်းလုကာ ဓားနှင့်ပါခုတ်သွားတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-မုံရွာမှ တာဝန်ရှိသူတစ်ဦးက RNAကို ပြောပါတယ်။

"သူတို့က တောင်ပုလူကျေးရွာကနေ မုံရွာမြို့ပေါ်ကို ဈေးတက်ဝယ်တာ၊သူတို့ရွာနဲ့ မနီးမဝေးမှာ ဖြစ်စဉ်ဖြစ်ပွားတာ၊သူတို့ကို မေးကြည့်တော့ အမျိုးသားနှစ်ဦး ဆိုင်ကယ်နောက်ကနေ ကပ်လိုက်လာပြီး ပိုက်ဆံလည်းလုတယ်၊ပြီးတော့ ဓားနဲ့ခုတ်တယ်၊ဓားနဲ့ခုတ်တဲ့အတွက် အမျိုးသားမှာ ပါးစပ်နဲ့မှေးဒဏ်ရာနက်၍ အမျိုးသမီးမှာ ပခုံးခုတ်ခံရတယ်၊လူနာနှစ်ယောက်လုံးစိုးရိမ်စရာအခြေအနေမရှိဘူး"လို့ ပြောသည်။

အဲ့ဒီမြို့ရှောင်လမ်းမှာ မကြာခဏလုယက်မှုတွေဖြစ်ပွားနေသလို မုံရွာမြို့ပေါ်မှာလည်း ဆိုင်ကယ်ခိုးမှုတွေ  ဖြစ်ပွားနေဆဲလို့ မုံရွာဒေသခံတစ်ဦးကပြောပါတယ်။

ဓာနှင့်ခုတ်ခံရသည့် အမျိုးသားနှင့်အမျိုးသမီးနှစ်ဦး၏ မြို့ပေါ်ဈေးတက်ဝယ်မည့် ပိုက်ဆံနှင့်ပစ္စည်းများလည်း ယူဆောင်သွားပြီး အဲ့ဒီနှစ်ဦးကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-မုံရွာမှ သွားရောက်ကူညီကယ်ဆယ်ပေးခဲ့၍ လုယက်ခံရသည့်အမျိုးသားနှင့်အမျိုးသမီးနှစ်ဦးရဲ့ ဒဏ်ရာအခြေအနေက စိုးရိမ်စရာမရှိဘူးလို့ သိရှိရပါတယ်။ 

ဓာတ်ပုံ-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-မုံရွာ 

Regional News Agency -RNA



မြို့ပေါ်ဈေးတက်ဝယ်မည့် အမျိုးသားနှင့် အမျိုးသမီး လမ်းမှာလုယက်ခံရ၊ လုယက်ယုံသာမက ဓားနှင့်ပါခုတ်၍ ပစ္စည်းများယူဆောင်သွား မြို့ပေါ်ဈေးတက်ဝယ်မည့် အမျိုးသားနှင့် အမျိုးသမီး လမ်းမှာလုယက်ခံရ၊ လုယက်ယုံသာမက ဓားနှင့်ပါခုတ်၍ ပစ္စည်းများယူဆောင်သွား Reviewed by THITHTOOLWIN on 18:48 Rating: 5

No comments:

Powered by Blogger.