ယမန်နေ့ ထန်တလန်မြို့မီးလောင်မှု တွင် ဘုရား‌ကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ် ၄၉လုံးပြာကျ


ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်၊ မွန်းလွဲ ၂နာရီခန့်တွင် ထပ်မံမီးလောင်ရာ ထန်တလန်ရာပြည့်နှစ်ခြင်းဘုရားကျောင်း (TCBC) အပါအဝင် လူနေအိမ် ၄၉လုံး ပြာကျသွားတယ်လို့သတင်းရရှိပါတယ်။

မီးလောင်သွားတဲ့နေရာတွေကတော့ ဇုန်မွှန်ရပ်ကွက်တွင် ၃၆ အိမ်၊ ရဲစခန်းအနောက်ဖက်ခြမ်းတွင် ၁၀ အိမ်နဲ့ စိုက်ပျိုးရေးရပ်ကွက်တွင် ၃ အိမ်၊ စုစုပေါင်း ၄၉ အိမ် လောင်ကျွမ်းသွားတယ်လို့ ထန်တလန် လူငယ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ယနေ့ နိုဝင်ဘာ ၂၅ ရက်နေ့လည်ပိုင်းအထိ သတင်းရရှိထားတာကတော့ မီးငြိမ်းသွားပြီပေမယ့် မီးခိုတွေထွက်နေတယ်လို့သိရတယ်။

စက်တင်ဘာ ၉ရက်နေ့မှစ၍ ယနေ့အချိန်ထိ ထန်တလန်မြို့တွင် မီးရှို့ခံရလို့ ခရစ်ယာန်ဘုရားကျောင်း ၃ ကျောင်း အပါအဝင် အိမ် ၂၅၀ ကျော် မီးလောင်ပြာကျသွားပါတယ်။

Zalen 

ယမန်နေ့ ထန်တလန်မြို့မီးလောင်မှု တွင် ဘုရား‌ကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ် ၄၉လုံးပြာကျ ယမန်နေ့ ထန်တလန်မြို့မီးလောင်မှု တွင် ဘုရား‌ကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ် ၄၉လုံးပြာကျ Reviewed by THITHTOOLWIN on 18:45 Rating: 5

No comments:

Powered by Blogger.