သူခိုးဆီကနေ မိထားတဲ့ ဆိုင်ကယ်တွေကို ရဲတပ်ဖွဲ့က ငွေ ၁ သိန်းနဲ့ ပြန်ရွေးခိုင်းနေ


နို၀င်ဘာ ၂၇ ရက်၊ ကျောက်မဲ

ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ သူခိုးတွေဆီကနေ မိထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ်ထဲက ဆိုင်ကယ်တွေကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က တစ်စီးကို ငွေ ၁ သိန်းနဲ့ ပိုင်ရှင်တွေကို ပြန်ရွေးယူခိုင်းနေတယ်လို့ သိရပါတယ်။

ဆိုင်ကယ် ခိုးနေသူတွေဟာ အမျိုးသားတွေ အဖွဲ့လိုက်နဲ့ဖြစ်ပြီး ရဲဘက်က ဆိုင်ကယ် (၁၇)စီး ပြန်မိထားတယ်လို့ ဆိုပါတယ်။

ကျောက်မဲမြို့မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက “ကျနော် ကြားမိသလောက် ရဲတွေက ဆိုင်ကယ်သူခိုးအဖွဲ့တွေ မိထားတယ်။ မိထားတော့  ဆိုင်ကယ်ပိုင်ရှင်တွေကို လာရွေးခိုင်းတာ။ ရဲတွေက ပိုက်ဆံတစ်သိန်းပေးပြီးမှ ဆိုင်ကယ်ယူလို့ရမှာ” လို့ ပြောပါတယ်။

ဆိုင်ကယ် ခိုးတဲ့အဖွဲ့ဟာ ကျောက်မဲနဲ့ သီပေါတစ်ဝိုက်တွေမှာ ခိုးယူနေတာဖြစ်ပြီး ဆက်သွယ်လို့မရတဲ့ ဆိုင်ကယ်ပိုင်ရှင်တွေကိုတော့ ရဲတပ်ဖွဲ့ဘက်က ထုတ်ရောင်းလိုက်တယ်လို့ ၎င်းက ဆိုပါတယ်။

“ဆိုင်ကယ် မိတဲ့ဟာက ကျောက်မဲမှာ မိတာတော့ ကြားတယ်။ နေရာအတိအကျတော့ မသိဘူး။ အခု သိရသလောက်က မိထားတဲ့ဟာတွေလည်း ပိုင်ရှင်မသိတော့ရင် ရဲဘက်က ထုတ်ရောင်းလိုက်တယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်ကြပြီး ကုန်စျေးနှုန်းတွေလည်း မြှင့်တက်လာသလို လုယက်မှု၊ ခိုးမှု၊ ဓားပြတိုက်မှုနဲ့ လူသတ်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။


Shwe Phee Myay News Agency 

သူခိုးဆီကနေ မိထားတဲ့ ဆိုင်ကယ်တွေကို ရဲတပ်ဖွဲ့က ငွေ ၁ သိန်းနဲ့ ပြန်ရွေးခိုင်းနေ သူခိုးဆီကနေ မိထားတဲ့ ဆိုင်ကယ်တွေကို ရဲတပ်ဖွဲ့က ငွေ ၁ သိန်းနဲ့ ပြန်ရွေးခိုင်းနေ Reviewed by THITHTOOLWIN on 19:57 Rating: 5

No comments:

Powered by Blogger.