ယော​ဒေသတွင် အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်​ရေးပူး​​ပေါင်းတပ်တို့ တစ်ပတ်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်၊ စစ်​ကောင်စီတပ်သား ၅၀ခန့်​သေဟု ​ယော PDFထုတ်ပြန်


ယောဒေသတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တစ်ပတ်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၅၀ ဦးခန့်သေဆုံးပြီ PDFတပ်သား တစ်ဦးကျဆုံးခဲ့ကြောင်း Yaw Defense Forceက ယနေ့ (နိုဝင်ဘာ ၂၇ ရက်)ထုတ်ပြန် သည်။

နိုဝင်ဘာ ၁၉ရက်တွင် YDF (Saw&Kyaukhtu) ၊ CDF (Mindat)၊ CDF (Kanpetlet) ၊ PDF (Saw) အဖွဲ့ များနှင့် အကြမ်းဖက် စစ်​ကောင်စီတပ်တို့ တောမနှင့် ကျင်းလိန်ကျေးရွာအနီးနားတွင် နံနက် ၈နာရီခွဲခန့်မှစ၍ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်​ကောင်စီဘက်မှ ၄၀ဦးခန့် သေဆုံးပြီး PDF (Saw) ဘက်မှ ရဲ​ဘော်တစ်ဦး အသက်ပေးသွားခဲ့သည်။ 

ထိုနေ့တွင် အကြမ်းဖက် စစ်​ကောင်စီဘက်မှ လေယာဥ် နှစ်စင်း ပစ်ကူသုံးကာ ခုခံတိုက်ခိုက်ခဲ့ရသည်ဟု ဆိုသည်။ YDF(Saw&Kyaukhtu) ဘက်မှလည်း တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာ ၂၃ရက်တွင် YDF (Saw&Kyaukhtu) ၊ CDF (Kanpetlet) အဖွဲ့များနှင့် အကြမ်းဖက်စစ်​ကောင်စီတပ်တို့ အောက်လက်မွန်နှင့် အထက်လက်မွန်ကျေးရွာကြားတွင် နေ့လယ် ၁ နာရီ ခွဲခန့်မှ စ၍ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြာချိန် ၂ နာရီခန့် ကြာမြင့်ခဲ့သည်။ ထိုတိုက်ပွဲတွင် အကြမ်းဖက် စစ်​ကောင်စီဘက်မှ ၁၀ဦးခန့်သေဆုံးခဲ့ပြီး YDF (Saw&Kyaukhtu) ဘက်မှ နှစ်ဦး ဒဏ်ရာ(မစိုးရိမ်) ရရှိခဲ့သည်။

ထို့အပြင် နိုဝင်ဘာ ၂၅ရက်ကလည်း ကံချောင်းကျေးရွာနားတွင် တပ်စွဲထားသော စစ်​ကောင်စီတပ်သား ၅၉ဦးသည် ကျောက်ထုလေယာဥ်ကွင်းဘက်သို့ ဆုတ်ခွာသွားစဥ် ကျောက်ပုံအနီး၌ YDF (Saw&Kyaukhtu) မှ စလစ်အိုးအကြီးတစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။ 

အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီထံမှ လက်နက်ကြီးကျည်ဖူး သုံးလုံးသိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။


People's Spring 

ယော​ဒေသတွင် အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်​ရေးပူး​​ပေါင်းတပ်တို့ တစ်ပတ်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်၊ စစ်​ကောင်စီတပ်သား ၅၀ခန့်​သေဟု ​ယော PDFထုတ်ပြန် ယော​ဒေသတွင် အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်​ရေးပူး​​ပေါင်းတပ်တို့ တစ်ပတ်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်၊ စစ်​ကောင်စီတပ်သား ၅၀ခန့်​သေဟု ​ယော PDFထုတ်ပြန် Reviewed by THITHTOOLWIN on 19:59 Rating: 5

No comments:

Powered by Blogger.