ကလေးမြို့အလယ်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ကလေးဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်၊စစ်ကောင်စီတပ်သား ၂ဦးသေဆုံး

ဓာတ်ပုံ-RNA

နိုဝင်ဘာ၁၇ 

စစ်ကိုင်းတိုင်း၊ကလေးမြို့ တာဟန်းရပ်ကွက်မှာရှိသည့် အကြမ်းဖက်စစ်ကောင်စီစစ်ရေးဂိတ်ကို ကလေးဒေသခံကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့နေ့လည်၂နာရီက ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရှိရပါတယ်။

"ဒီကနေ့ ကလေးမြို့ရဲ့ တာဟန်းရပ်ကွက် နေကြာလမ်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ပစ်တယ်၊စစ်ကောင်စီတပ်သား၂ဦးသေဆုံးတယ်"လို့ PDFတပ်ဖွဲ့ဝင်တစ်ဦးက  ပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်သား၂ဦးသေဆုံးပြီးနောက် အထက၂ကျောင်းလမ်းကို စစ်ကောင်စီတပ်သားများက ပိတ်ဆို့စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး မနေ့ကနိုဝင်ဘာ၁၆ရက်နေ့မှာလည်း တာဟန်းမြို့ရှိ ရဲစခန်းကို  ကလေးဒေသခံကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် ကလေးဒေသခံကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၃ကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းရာ ကလေးဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ ၁၀ဦး ဖမ်းဆီးခံခဲ့ရပါသည်။ 


Regional News Agency -RNA

ကလေးမြို့အလယ်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ကလေးဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်၊စစ်ကောင်စီတပ်သား ၂ဦးသေဆုံး ကလေးမြို့အလယ်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ကလေးဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်၊စစ်ကောင်စီတပ်သား ၂ဦးသေဆုံး Reviewed by THITHTOOLWIN on 20:02 Rating: 5

No comments:

Powered by Blogger.