ကလေးမှာတိုက်ပွဲဆက်လက်​ဖြစ်ပွားနေပြီး ၊ တပ်ရင်း ၃ မှဆေးအဖွဲ့ဝင်များကို ပြန်မလွှတ်ပေးတဲ့အတွက် အကြမ်းဖက် တပ်တွေကို ကလေးပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝိုင်းထား


နိုဝင်ဘာ ၁၇

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ဒီနေ့မနက် ၈ နာရီက ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှဖမ်းဆီးထားသူတွေကို ပြန်လွှတ်မပေးသေးတဲ့အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဆက်လက် တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။

“ ဒီမနက်စောစောတုန်းက PDF  လော်စပီကာတွေနဲ့ လှမ်းအော်နေတယ်၊ သူတို့ဆီကဖမ်းထားတဲ့ရဲဘော်တွေကို ပြန်လွှတ်ပေးပါ၊ ပြန်လွှတ်မပေးရင် ဒီနေရာကနေ ထွက်ခွင့်မပေးဘူးလို့အော်ပြောတယ်၊ ဒါပေမဲ့ စစ်တပ်က ပြန်လွှတ်မပေးဘူး၊ အဲဒါကြောင်း တိုက်ပွဲတွေဆက်ဖြစ်နေတာ”လို့ သတင်းအရင်းမြစ်တစ်ခုမှသိရပါတယ်။

ဒီနေ့မနက်ပိုင်းမှာပဲ ကလေး-ဂန့်ဂေါဘက်ကနေ စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ကားတွေကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ကလေးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှအကျ အဆုံးများပြားလျက်ရှိသည် ။ တဖက်မှာလည်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တသားတည်းရပ်တည်လျက်ရှိကြောင်း ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။


Zayartime Media-ဇေယျာတိုင်း မီဒီယာ


ကလေးမှာတိုက်ပွဲဆက်လက်​ဖြစ်ပွားနေပြီး ၊ တပ်ရင်း ၃ မှဆေးအဖွဲ့ဝင်များကို ပြန်မလွှတ်ပေးတဲ့အတွက် အကြမ်းဖက် တပ်တွေကို ကလေးပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝိုင်းထား ကလေးမှာတိုက်ပွဲဆက်လက်​ဖြစ်ပွားနေပြီး ၊ တပ်ရင်း ၃ မှဆေးအဖွဲ့ဝင်များကို ပြန်မလွှတ်ပေးတဲ့အတွက် အကြမ်းဖက် တပ်တွေကို ကလေးပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝိုင်းထား Reviewed by THITHTOOLWIN on 19:59 Rating: 5

No comments:

Powered by Blogger.