မုံရွာမြို့မှာ အမျိုးသားတစ်ဦး ဖမ်းဆီးခံရ


နိုဝင်ဘာ၁၇

စစ်ကိုင်းတိုင်း၊မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် ကန်သာယာအုပ်စိုး၂လမ်းမြောက်ဘက် လမ်းကြားမှာရှိသည့် အမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်များက အရပ်ဝတ်များဖြင့် ဒီကနေ့ ညနေပိုင်း ၄နာရီဝန်းကျင်ခန့်က ပထမအကြိမ်လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ 

ဖမ်းဆီးခံရသူမှာ ကိုကျော်ဦးဆိုသူဟု သိရပြီး သူ့ကိုဖမ်းဆီးပြီး မကြာမှီ ဒုတိယအကြိမ် လာရောက်ရှာဖွေမီုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သာစည်လမ်းဈေးအနီးမှာလည်း အကြမ်းဖက်စစ်အုပ်စုများ ​ရောက်ရှိနေပြီး မုံရွာမြို့ပေါ်မှာလည်း အရပ်ဝတ်များဖြင့်လှည့်လည်နေတယ်လို့ ကနဦးသိရပါတယ်။


Regional News Agency -RNA

မုံရွာမြို့မှာ အမျိုးသားတစ်ဦး ဖမ်းဆီးခံရ မုံရွာမြို့မှာ အမျိုးသားတစ်ဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 20:03 Rating: 5

No comments:

Powered by Blogger.