ဖမ်းဆီးခံထားရသည့် ပဲခူးမြို့နယ် NLD ဥက္ကဌ ဦးညွန့်ရွှေ Covid-19 ရောဂါကြောင့် ကွယ်လွန်


ပဲခူး၊ သြဂုတ်၁၆၊ ၂၀၂၁။

ပဲခူးတိုင်း ၊ ပဲခူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်၊ ပဲခူးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးညွန့်ရွှေသည် ယနေ့ နံနက် ၆ နာရီခန့်တွင် ပဲခူးပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ကြောင်း မိသားစုဝင်များထံက သိရသည်။

လွှတ်တော်ကိုယ်စားလှယ်ဦးညွန့်ရွှေသည် ဖေဖော်ဝါရီ ၉ ရက်ကပြုလုပ်ခဲ့သော ပဲခူးမြို့ပေါ် ဆန္ဒပြပွဲတခုတွင် ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ၅၀၅(က)ဖြင့် အမှုဖွင့်ပြီး ပဲခူးကျိုက်ဇကော်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရခြင်းဖြစ်ကာ ထောင်တွင်း ကိုဗစ်-၁၉ ကူးဆက်ခံခဲ့ရခြင်းဖြစ်သည်။

ကူးဆက်ခံခဲ့ရပြီး ကလိဆေးရုံတွင် တပတ်ခန့်ဆေးကုသနေရင်း ပဲခူးပြည်သူ့ဆေးရုံကြီးသို့ပြောင်းရွှေ့ ကုသခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကာ သင်္ဂြိုလ်ရန်ပြင်ဆင်နေပြီဖြစ်ကြောင်းသိရသည်။


မြေလတ်အသံ - Myaelatt Athan

https://www.facebook.com/myaelattathan

ဖမ်းဆီးခံထားရသည့် ပဲခူးမြို့နယ် NLD ဥက္ကဌ ဦးညွန့်ရွှေ Covid-19 ရောဂါကြောင့် ကွယ်လွန် ဖမ်းဆီးခံထားရသည့် ပဲခူးမြို့နယ် NLD ဥက္ကဌ ဦးညွန့်ရွှေ Covid-19 ရောဂါကြောင့် ကွယ်လွန် Reviewed by THITHTOOLWIN on 00:20 Rating: 5

No comments:

Powered by Blogger.