မြို့သစ်က လျှပ်စစ်မန်နေဂျာရုံးနဲ့ လျှပ်စစ်ဓာတ်အားခွဲရုံတွေမှာ ဗုံးပေါက်



မြို့သစ်၊ ဩဂုတ် ၁၆၊ ၂၀၂၁။

မကွေးတိုင်း၊ မြို့သစ်မြို့ပေါ်က မြို့နယ်လျှပ်စစ်မန်နေဂျာရုံးနဲ့ မြို့သစ်-နတ်မောက်ကားလမ်းပေါ်က ၆၆ ကေဗွီ ဓာတ်အားခွဲရုံတွေမှာ သြဂုတ်လ ၁၅ ရက်နေ့ည ၈ ခွဲဝန်းကျင်က ရှေ့ဆင့်နောက်ဆင့်ဗုံးပေါက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

''အသံကြီးကြားလိုက်လို့ အိမ်ရှေ့ထွက်ကြည့်တော့ မီးခိုးတွေမြင်ရတယ်။ ဗုံးပေါက်တာဆိုတော့ ကြောက်လို့ အိမ်ထဲပြန်ဝင်နေတာ။ အနည်းဆုံး အဆောက်အဦးတော့ ထိခိုက်ပျက်ဆီးနိုင်တယ်'' လို့ ဒေသခံတဦးက ပြောပါတယ်။

မြို့သစ်မြို့က မြို့သစ်လျှပ်စစ်မန်နေဂျာရုံးနဲ့ ဓာတ်အားခွဲရုံတွေမှာ ဗုံးပေါက်ကွဲတာဟာ ပြည်သူတွေဆီက မီတာခတွေကောက်ခံနေတာကိုရပ်တန့်ဖို့အတွက် ကနဦးဗုံးခွဲတိုက်ခိုက်တာဖြစ်တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်က ကြေငြာချက်ထုတ်ပြန်ထားပါတယ်။

ပြည်သူလူထုဆီကနေ မီတာခတွေကို အတင်းအကြပ်ဆက်လက်ကောက်ခံနေပါက ဝန်ထမ်းတွေနဲ့ မိသားစုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တာဝန်ယူမည်မဟုတ်ကြောင်း လည်း အဲဒီသတင်းထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။


မြေလတ်အသံ - Myaelatt Athan 

https://www.facebook.com/myaelattathan

မြို့သစ်က လျှပ်စစ်မန်နေဂျာရုံးနဲ့ လျှပ်စစ်ဓာတ်အားခွဲရုံတွေမှာ ဗုံးပေါက် မြို့သစ်က လျှပ်စစ်မန်နေဂျာရုံးနဲ့ လျှပ်စစ်ဓာတ်အားခွဲရုံတွေမှာ ဗုံးပေါက် Reviewed by THITHTOOLWIN on 00:22 Rating: 5

No comments:

Powered by Blogger.