စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဝန်ကြီးဟောင်း ဒေါက်တာ စောညိုဝင်း ကိုဗစ်ကူးဆက်ခံထားရပြီး ဆေးကုမှုခံယူနေရ


သနပ်ပင်၊ သြဂုတ် ၁၆၊ ၂၀၂၁။

အာဏာသိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ပဲခူးတိုင်းဒေကြီး သံယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဒေါက်တာ စောညိုဝင်းဟာ ထောင်တွင်းမှာ Covid-19 ကူးဆက်ခံခဲ့ရပြီး လက်ရှိမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့က ကူးစက်ခံလိုက်ရတာဖြစ်ပြီး လက်ရှိမှာ ကလိဆေးရုံကြီးမှာ ဆေးကုမှုခံနေရတယ်လို့ ပြောပါတယ်။

"အခြေအနေ အသေးစိတ်တော့ မသိနိုင်ဘူး၊ သူလည်းတော်တော်မကောင်းသေးဘူး၊ အတော်လေးတော့ ကုနေရတယ်" လို့ ဆွေမျိုးနီးစပ်သူ တဦးက ပြောပါတယ်။

အလားတူ ဝေါမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးလည်း ကူးဆက်ခံခဲ့ရပြီး ပြန်သက်သာလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

https://www.facebook.com/myaelattathan

စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဝန်ကြီးဟောင်း ဒေါက်တာ စောညိုဝင်း ကိုဗစ်ကူးဆက်ခံထားရပြီး ဆေးကုမှုခံယူနေရ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဝန်ကြီးဟောင်း ဒေါက်တာ စောညိုဝင်း ကိုဗစ်ကူးဆက်ခံထားရပြီး ဆေးကုမှုခံယူနေရ Reviewed by THITHTOOLWIN on 00:19 Rating: 5

No comments:

Powered by Blogger.