ယနေ့ မင်းတပ်မြို့နယ် ၂ နေရာတွင်တိုက်ပွဲပြင်းထန်၊ CDF Mindat ဘက်က ၃ ယောက်ဒဏ်ရာရ



(16.8.2021 - Monday)

မင်းတပ်မြို့ အ​နောက်ခြမ်းစစ်မျက်နှာ..

စကစ အင်အား ၁၅၀ ဝန်းကျင် ရှိပြီး မနက် ၈ နာရီဝန်းကျင်မှာ တိုက်ပွဲစပါတယ်။ CDF-Mindat က အနည်းငယ် နောက်ဆုတ်လိုက်ပြီး နေ့လည်လောက်မှာ တိုက်ပွဲရပ်သွားပါတယ်။ CDF-Mindat ဘက်က ၂ ဦး (မစိုးရိမ်ရ) ဒဏ်ရာရပါတယ်။


မင်းတပ်မြို့ မြောက်ခြမ်း စစ်မျက်နှာ..

စကစ အင်အား ၁၃၀ ကျော်ရှိပါတယ်။ ဒီဘက်​ခြမ်းက စကစတပ်တွေဟာ အဖွဲ့ ၂ ဖွဲ့ခွဲပြီး ထိုးစစ်ဆင်လာတာ ဖြစ်ပြီး.. စကစအဖွဲ့တစ်ဖွဲ့နဲ့ CDF-Mindat တို့ ထုံကိန်းရွာအောက်ဘက်မှာ ညနေ ၅ နာရီ ဝန်းကျင်က တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲပြင်းထန်ခဲ့ပြီး စကစတွေ တက်မလာနိုင်ဘဲ  ရွာအောက်မှာပဲရှိနေပါတယ်။

ဒီနေ့ တိုက်ပွဲ ၂ ခုလုံးမှာ စကစ ဘက်က အင်အားသာလွန်ပြီး လက်နက်ကြီးတွေ ၄၀ မမ၊ ၆၀ မမ၊ ပခုံးထမ်းလောင်ချာတွေနဲ့ တရစပ် ထိုးစစ်ဆင်ခဲ့ပါတယ်။

CDF-Mindat ဘက်က ဒီနေ့တိုက်ပွဲတွေမှာ ဒဏ်ရာရသူ စုစုပေါင်း ၃ ဦး (မစိုးရိမ်ရ) ရှိပါတယ်။

စကစဘက်ကလည်း ဒဏ်ရာရသူတွေ ရှိပြီး ကျဆုံးသူတွေလည်း ရှိမယ်လို့ ခန့်မှန်းရပါတယ်။


Zalen

https://www.facebook.com/zalen.info/

ယနေ့ မင်းတပ်မြို့နယ် ၂ နေရာတွင်တိုက်ပွဲပြင်းထန်၊ CDF Mindat ဘက်က ၃ ယောက်ဒဏ်ရာရ ယနေ့ မင်းတပ်မြို့နယ် ၂ နေရာတွင်တိုက်ပွဲပြင်းထန်၊ CDF Mindat ဘက်က ၃ ယောက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 00:25 Rating: 5

No comments:

Powered by Blogger.